ဘုတလင်မှာ စစ်အုပ်စုယာဉ်တန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး ကား ၄ စီး ပျက်စီ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မုံရွာမြို့နဲ့ ဘုတလင်မြို့နယ်အကြား အဝေးပြေးလမ်းမမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခု ၂ ကြိမ်မိုင်းဆွဲတိုက်ခံရပြီး စစ်အုပ်စုက သေဆုံးသူများပြားကာ ကား ၄ စီး ပျက်စီးခဲ့တယ်လို့ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) က သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ ဧပြီလ ၉ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ ထနောင်းကုန်းကျေးရွာနဲ့ ကံသစ်ရွာကြားကို ဖြတ်သန်းလာတဲ့ စစ်အုပ်စုရဲ့ ယာဉ်တန်းကို ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့က ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက သေဆုံးသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ အလောင်းတွေကို လာကောက်တဲ့ စစ်အုပ်စုရဲ့ ယာဉ်တန်းကို မနက် ၃ နာရီ ၂၅ မိနစ်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက နောက်ထပ်သေဆုံးသူတွေရှိခဲ့ကာ ကား ၄ စီးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုတွေကို ဒီမိုကရက်တစ် ပြောက်ကျားတပ်ဖွဲ့ (ဘုတလင်မြို့နယ်)၊ Anonymous Hero ပြောက်ကျားတပ်ဖွဲ့နဲ့ ပကဖ (ဘုတလင်မြို့နယ်) တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။