တရားမျှတမှု ဖော်ဆောင်ရေး မြန်မာပြည်သူတွေအတွက် ကြိုးပမ်းသွားမယ်လို့ အမေရိကန်ပြော

အကြမ်းဖက်စစ်​အုပ်စုရဲ့ ရာဇဝတ်မှုကျူးလွန်​တာတွေအ​ပေါ် တရားမျှတမှု ဖော်​ဆောင်နိုင်ဖို့ မြန်မာပြည်သူ​တွေအတွက် ကြိုးပမ်းသွားမယ်လို့ အ​မေရိကန် နိုင်ငံခြားဝန်ကြီးဌာန အထူးအကြံ​ပေး မစ္စတာဒဲရစ်ချိုးလက်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ NUG အစိုးရဝန်ကြီး ဦးအောင်မျိုးမင်းနဲ့အဖွဲ့တို့ တွေ့ဆုံစဉ် ဒဲရစ်ချိုးလက်က အဲဒီလိုပြောကြားခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒါ့အပြင် ဒဲရစ်ချိုးလက်က မြန်မာနိုင်ငံဒီမိုက​ရေစီရေးအတွက် ပိုမိုကူညီလုပ်​ဆောင်မယ့်အ​ကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အ​မေရိကန်အစိုးရ၊ အမျိုးသားလုံခြုံ​ရေး​ကောင်စီရဲ့ အရှေ့အာရှ​ဒေသဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ Mr. Egatd Kavan နဲ့ အိမ်ဖြူတော်မှာ ​တွေ့ဆုံစဉ် အ​မေရိကန်အစိုးရနဲ့ ဒေသအတွင်း မိတ်ဖက်နိုင်ငံ​တွေ ပူးပေါင်းကာ မြန်မာ​နွေဦးတော်လှန်​ရေးအတွက် ကူညီနိုင်မဲ့နည်းလမ်းတွေကို ပွင့်လင်းစွာ ​ဆွေးနွေးနိုင်ခဲ့ကြောင်း ဦးအောင်မျိုးမင်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဧပြီ ၇ ရက်နေ့က ရေးသားထားပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုနှင့် တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ်မှာလည်း အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။