ရေလယ်ကျွန်းက ပြန်လာတဲ့ အကြမ်းဖက်တပ် မိုင်းဆွဲခံရ၊ ၃ ဦးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ကြရာ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ရေလယ်ကျွန်းကနေပြန်လာတဲ့ အကြမ်းဖက်တပ်ကို ပခန်းငယ်ရွာနားနဲ့ ဇီးကုန်းရွာနား တို့မှာ ရေစကြို PDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို PDF က ထုတ်ပြန်ပါတယ်။
ပခန်းငယ်ရွာအနီးမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားတွေ အထိအခိုက်ရှိနိုင်ပေမဲ့ အတိအကျမသိရသေးပါဘူး။
ရေလယ်ကျွန်းကနေ ပြန်လာတဲ့စစ် ကား (၃) စီးကို ဇီးကုန်းရွာအနီးမှာ မိုင်း (၂) လုံးဆွဲ တိုက်ခိုက်ခဲ့ရာမှာတော့ ၃ ဦးသေရုံတင်မက ထိခိုက်ဒဏ်ရာရသူတွေလည်း များကြောင်း ရေစကြို PDF ကဆိုပါတယ်။
မိုင်းထိပြီးနောက် အကြမ်းဖက်စစ်သားတွေ ရမ်းသန်းပစ်ခတ်ခဲ့ရာ PDF တွေ ထိခိုက်မှုမရှိခဲ့ပါဘူး။
ရေလယ်ကျွန်းဒေသ၊ ဝါဘိုးရွာမှာ အခြေပြုတပ်စွဲနေတဲ့ အကြမ်းဖက်စစ်သား ၇၀ လောက်ဟာ ဒေသခံတွေနေအိမ်က ခိုးယူလာတဲ့ ပစ္စည်းတွေကို ထုပ်ပိုးကာ မနေ့ညတုန်းက ချစ်သူ ဇက်ဆိပ်ကနေ မြစ်ကူးကာ အနောက်ဘက်သို့ ပြန်သွားကြောင်း YSO News Information က ထုတ်ပြန်ပါတယ်။
Photo-သိန်းဌက်ပြောက်ကျားတပ်ဖွဲ့
ပုံစာ – ဧပြီ ၄ ရက်နေ့က ရေလယ်ကျွန်းဒေသ၊ ကျွဲကုန်းရွာထဲ စစ်တပ်က လုယက်ဖျက်ဆီးခဲ့