မြစ်ကြီးနား၂၁ မိုင်ဂိတ် KIA နဲ့ PDF ပူးပေါင်း တိုက်ခိုက်ဖျက်ဆီး

မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာအနီးရှိ ၂၁ မိုင် စုပေါင်းဂိတ်ကို ဒီနေ့မတ်လ ၁၉ ရက်နေ့ မနက် ၄ နာရီဝန်းကျင်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ဖျက် ဆီးခဲ့တယ်လို့ KNG သတင်းဌာနက ဖော်ပြထားပါတယ်။
“၂၁ မိုင် ဂိတ်ကိုတော့ ဖျက်ဆီးလိုက်ပြီ။ မြစ်ကြီးနားကနေ လေယာဥ်နဲ့လာတိုက်လို့ နောက်ဆုတ်သွားတာ စုပေါင်းဂိတ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ထိခိုက်မှုကိုတော့ အသေးစိတ် မပြောနိုင်သေးဘူး။ ထိခိုက်သေဆုံးမှုတော့ ရှိတယ်” လို့ KIA သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကို အတည်ပြုထားပါတယ်။
၂၁ မိုင် စုပေါင်းဂိတ်တွင် ၃ နာရီခန့်ကြာ အပြန်အလှန်တိုက်ခိုက်ပြီးနောက် ၆ နာရီခွဲဝန်းကျင်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က ရဟတ်ယာဥ် ၂ စီးနဲ့ ၅ ကြိမ်ထက်မနည်း လာရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ် ၂၁ မိုင်ဂိတ်အနီး ခလရ ၂၆၀ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ KIA နဲ့ PDF ရှိတဲ့ဘက်ဦးတည် ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။ အာဏာသိမ်းပြီးနောက် ၂၁ မိုင်ဂိတ် တိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၂၁ ခုနှစ် ဇွန်လတွင်ပထမအကြိမ် တိုက်ခိုက်ခံခဲ့ရပါတယ်။
Source- KNG သတင်းဌာန