ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာကို စစ်အုပ်စု ဝင်ရောက်ဖျက်ဆီးနေပြီး ပြည်သူတစ်ဦး ကျည်ထိမှန်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ထန်းဇင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မတ်လ ၁၃ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုတွေပါ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူတစ်ဦး ကျည်ဆံထိမှန်ကာ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်အုပ်စုက ကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းတွေကိုပါ လုယက်နေတယ်လို့ ဆိုပါတယ်။