မော်လမြိုင်ကျွန်း လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို စစ်အုပ်စုက ချိတ်ပိတ်

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့မှာရှိတဲ့ ၂၀၁၅ မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ရဲ့ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက ချိတ်ပိတ်ခဲ့တယ်လို့ ဦးကျော်ကျော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ရေးသားထားပါတယ်။
ဒီကနေ့ မတ်လ ၁၁ရက်နေ့မှာ စစ်အုပ်စု ဦးကျော်ကျော်ရဲ့ နေအိမ်ကို လာရောက်ချိတ်ပိတ်သွားခဲ့တာပါ။နေအိမ်ချိတ်ပိတ်ခံရတာနဲ့ ပက်သက်ပြီး ဦးကျော်ကျော်က “ဒီကနေ့မှာပဲ အကြမ်းဖက် သူပုန်ကောင်စီ က မိမိအိမ်အား ဥပဒေမဲ့လာရောက်ချိတ်ပိတ်သွား”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။