ရွှေကူမြို့နယ် တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိ March 8, 2022 ဒေသအလိုက် သတင်းကဏ္ဍ Credit- The 74 Media ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KIA၊PDF တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The 74 Media က ဖော်ပြထားပါတယ်။ မနေ့က မတ်လ ၇ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၁၀၀ကျော်နဲ့ မံဝိန်းကျေးရွာကို ဝင်ရောက်တပ်စွဲပြီးနောက် ညနေ ၃နာရီခန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ စစ်အုပ်စုက စစ်ကြောင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KIAက ဒုဗိုလ်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “စစ်ကောင်စီဘက်က စစ်ကြောင်းမှူးက ကျတယ်မကြားသေးဘူး၊ ထိတယ်ပဲကြားတာ။ KIA က ဒူဝါ(ဒုဗိုလ်)တစ်ယောက်ကျပြီး PDF တစ်ယောက် ခြေထောက်ထိတယ်။ ခြေထောက်ထိတဲ့ PDF က မစိုးရိမ်ရဘူး”လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက The 74 Mediaမှာ ဖြေကြားထားပါတယ်။ မံဝိန်းကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်တပ်စွဲထားတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ရွှေကူ
ဒေသအလိုက် သတင်းကဏ္ဍ ကချင်ပြည်နယ်မှာ ဒီညကစပြီး အင်တာနက်ဖြတ်တောက်လိုက်ပြီ August 20, 2021 ဒေသအလိုက် သတင်းကဏ္ဍ, နိုင်ငံရေး ၂၀ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ ဆက်သွယ်ရေးတာဝိုင်တိုင် ၅၀ ကျော်ကနေ အင်တာနက်ကွန်ယက်တွေကို ပိတ်ပစ်လိုက်ဖို့ အကြမ်းဖက်စစ်အုပ်စုက ဒီနေ့ည ၈ နာရီမှာ ညွှန်ကြားခဲ့တယ်လို့ တယ်လီနောဝန်ထမ်းတဦးက DNA ကိုပြောပါတယ် ။ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ကာမိုင်းနဲ့ လဝါလမ်းဆုံမှာရှိတဲ့ စစ်အုပ်စု စစ်ဆေးရေးဂိတ် ပိတ်သိမ်း February 28, 2022 ဒေသအလိုက် သတင်းကဏ္ဍ ကချင်ပြည်နယ် ဖားကန့်သွားလမ်း ကားမိုင်းနဲ့ လဝါးလမ်းဆုံမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးဂိတ်ကို ပိတ်သိမ်းပြီး တပ်နောက်ဆုတ်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Kachinwaves မှာ ဖော်ပြထားပါတယ်။ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ စတင်ကာ ကာမိုင်းဂိတ်မှာရှိတဲ့ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်မှာ [ဆက်လက်ဖတ်ရှုရန်]
ကချင်ပြည်နယ် ရေဘေးသင့် ကချင်ပြည်နယ်အတွက် NUG PAY သုံးစွဲသူတွေထည့်ဝင်တဲ့ ငွေကျပ်သိန်းနှစ်ရာကျော်လှူဒါန်း July 12, 2024 ကချင်ပြည်နယ်, ဒေသအလိုက် သတင်းကဏ္ဍ Photo – CJ/NUG PAY ဇူလိုင်၊ ၁၂ ဆယ်စုနှစ်တခုကျော်အတွင်း စံချိန်တင် ရေကြီးမှုနဲ့ကြုံခဲ့ရတဲ့ ကချင်ပြည်နယ်အတွက် NUG PAY ရဲ့ သဘာဝဘေး ရံပုံငွေကနေ ကျပ်သိန်း နှစ်ရာ့နှစ်ဆယ်ကျော်ကို ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) [ဆက်လက်ဖတ်ရှုရန်]