ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်ကျေးရွာအနီး တိုက်ပွဲမှာ အရှင်ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ စစ်သား ၂ ဦးကို ကောင်းမွန်စွာ ဆေးဝါးကုသမှုပေးပြီး ကရင်နီရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ KNDFက ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်အုပ်စုရဲ့ MA1, MA2, MA4, MA Sniper အပါအဝင် လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်အတွင်းမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်အုပ်စုက သာလွန်လက်နက်အင်အားနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေခဲ့ပါတယ်။