မိုးညင်းမြို့ကနေထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ သေဆုံးသူအရေအတွက်များ

မိုးညင်းမြို့ကနေ စစ်ကား ၂၇စီး၊ အင်အား ၂၀၀ခန့်နဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို KIAနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ထိခိုက်သေဆုံးသူ များပြားခဲ့တာကြောင့် ကား ၆စီးနဲ့ပါ သယ်ယူနေရတယ်လို့ KIAက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၇ရက်နေ့မှာ KIA အမှတ်(၈) တပ်မဟာ အမှတ် ၃၅ တပ်ရင်းနယ်မြေ မိုးညင်းမြို့ နမ်ယာကြား ညောင်ကုန်းမှာ စစ်အုပ်စုရဲ့ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ထိခိုက်သေဆုံးသူတွေ များပြားလွန်းတာကြောင့် မိုးညင်းကနေ စစ်ကား ၆စီးနဲ့ပါ လာရောက်သယ်ယူနေရတယ်လို့ သိရပါတယ်။တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေး ပုန်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။