CDF ကန်ပက်လက်နဲ့ စစ်အုပ်စုတို့ နှစ်လတာတိုက်ပွဲအတွင်းမှာ စစ်အုပ်စုက ၅၀ကျော်သေ

ဇန်နဝါရီလနဲ့ ဖေဖေါ်ဝါရီလ ၂လတာအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ CDF-Kanpetletတို့အကြား တိုက်ပွဲ ၉ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၅၇ဦးသေဆုံးကာ ၂၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ CDF-Kanpetletက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဇန်နဝါရီလ ၃၁ရက်နေ့က အကြမ်းဖက်စစ်အုပ်စုရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ကာ ဆုံးပါးခဲ့ပါတယ်။
စစ်အုပ်စုဟာ မောချောင်းရွာနဲ့ အိမ်မောချောင်းရွာက ပြည်သူတွေရဲ့ နေအိမ် ၄လုံးကို လူမဆန်စွာ မီးရှို့ဖျက်ဆီးခဲ့ပြီး မဆာတွီကျေးရွာနဲ့ မောချောင်းကျေးရွာတွေက ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း ဖောက်ထွင်းခိုးယူခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ မဆာတွီကျေးရွာက ပြည်သူတွေ မွေးမြူထားတဲ့ နွားနောက် ၂ကောင်ကို ပစ်သတ်ပြီး ၁ကောင်ကို ချက်စားကာ ၁ကောင်ကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။