မုံးပေါ်အနီး စစ်အုပ်စုနဲ့ KIA ၊ MNDAA တို့ တိုက်ပွဲပြင်းထန်နေ March 2, 2022 ဒေသအလိုက် သတင်းကဏ္ဍ Credit- Kachin News Group ရှမ်းပြည်နယ် မြောက်ပိုင်း မုံးပေါ်အနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Kachin News Group က ဖော်ပြထားပါတယ်။ ဒီကနေ့ မတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီခန့်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၉၉ က အင်အား ၁၀၀ ဝန်းကျင်နဲ့ KIA တပ်မဟာ ၆ တပ်ရင်း ၃၆ ထိန်းချုပ်နယ်မြေ မန်ကောင်းကျေးရွာအနီးကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် KIA၊MNDAA တို့က ခုခံစစ်ဆင်နွှဲနေတာဖြစ်တယ်လို့ သိရပါတယ်။ “အသားကုန်ပစ်နေကြပြီ။ ကိုးကန့်နဲ့ KIA ရှိနေတဲ့နေရာ ရောက်လာလို့ ထိပ်တိုက် တိုက်ပွဲဖြစ်တဲ့သဘော။ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်နေပြီ။ နေရာတကာ ရမ်းတမ်းပစ်နေလို့ အခုဒီမှာ ဘယ်လိုဖြစ်မယ်မသိနေဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မုံပေါ်ဒေသမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ ၄ ရက်ခန့်ရှိနေပြီ ဖြစ်ပါတယ်။ မုံးပေါ်ရှမ်းပြည်နယ်
ဒေသအလိုက် သတင်းကဏ္ဍ သီပေါစစ်ရှောင် ကလေး ၁၀၀ အနွေးထည်ဝယ်ယူဖို့ ICRC ငွေကြေးထောက်ပံ့ February 25, 2022 ဒေသအလိုက် သတင်းကဏ္ဍ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးသင့်ကလေး ၁၀၀ အနွေးထည်ဝယ်ယူနိုင်ဖို့အတွက် ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ The International Committee of the Red Cross (ICRC)က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ သီပေါမြို့နယ် ကျေးရွာငါးရွာက လူ ၃၀၀ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ရှမ်းပြည်နယ် ပင်းတယနဲ့ ပင်လောင်းမြို့တွေမှာ မိုးကြီးပြီး မိုးသီးတွေကြွေ February 17, 2023 ဒေသအလိုက် သတင်းကဏ္ဍ ရှမ်းပြည်နယ်၊ တောင်ပိုင်းမှာရှိတဲ့ ပင်းတယနဲ့ ပင်လောင်းမြို့တွေမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာပြီး မိုးသီးတွေကြွေကျတဲ့ မြင်ကွင်းတွေကို ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ မျှဝေထားကြတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာလည်း မနေ့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ရှမ်းတောင်မှာ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးမှုတွေဆက်တိုက်လုပ်ပြီး ငွေညှစ်နေ January 10, 2023 နိုင်ငံရေး ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီဟာ ညောင်ရွှေမြို့နယ်ထဲက ဒေသခံတွေကို ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညောင်ရွှေမြို့နယ်ထဲက အင်းလေးဒေသနဲ့ အနီးတစ်ဝိုက်က ရွာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ် [ဆက်လက်ဖတ်ရှုရန်]