မြန်မာအခြေအနေ ယိုယွင်းလာမှုကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံအခြေအနေ ယိုယွင်းလာမှုအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်း ပြင်သစ်နိုင်ငံရဲ့ ဥရောပနဲ့ နိုင်ငံခြားရေးရာဝန်ကြီး ကပြောကြားခဲ့ပါတယ်။
ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က ပြင်သစ်နိုင်ငံရဲ့ ဥရောပနဲ့နိုင်ငံခြားရေးရာ ဝန်ကြီး Mr. Jean-Yves Le Drian နဲ့
ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး၀န်ကြီး Mr. Don Pramudwinai တို့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံရဲ့ လုပ်ဆောင်ချက်အပေါ် ပြင်သစ်နိုင်ငံက ထောက်ခံတယ်လို့ပြောကြားခဲ့သလို အာဆီယံမူငါးရပ်ကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ပတ်သက်သူအားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ်ကို လုပ်ဆောင်ခြင်း အပါအဝင် ဘေးကင်းပြီး အဟန့်အတားမရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးမှာ ထိုင်းနိုင်ငံရဲ့ ပါဝင်နိုင်တဲ့ မရှိမဖြစ် ကဏ္ဍကိုလည်း ပြင်သစ်နိုင်ငံရဲ့ ဥရောပနဲ့နိုင်ငံခြားရေးရာ ဝန်ကြီးက အလေးပေး ပြောကြားခဲ့ပါတယ်။
၂၀၂၁ခုနှစ်ဧပြီ ၂၄ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အာဆီယံဘုံသဘောတူချက် ၅ ရပ်ကို မြန်မာအကြမ်းဖက် စစ်တပ်က ဒီနေ့ထိတိုင်လျစ်လျူရှုကာ အာဆီယံကိုရော အန်တုနေပါတယ်။