မန္တလေးမှာ စစ်အုပ်စုရဲ့ သတင်းပေးလို့ နာမည်ကြီးနေသူတစ်ဦး သေနတ်နဲ့ သုံးချက်အပစ်ခံရ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။   

မန္တလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးလုပ်ကိုင်နေတယ်လို့ နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ်နဲ့ သုံးချက်အပစ်ခံရပြီး ဆေးရုံပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

         

ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့ ညနေပိုင်းမှာ မဟာအောင်မြေမြိုကနယ် ၉၂လမ်းနဲ့ ၄၁လမ်းအနီးမှာ တပ်သတင်းပေးလို့ နာမည်ကြီးနေသူ ကိုဝင်ဇော်မိုးကို အမည်မသိသူတစ်ဦးက ပစ်ခတ်သွားခဲ့တာပဲဖြစ်ပါတယ်။         

“သေနတ်နဲ့ သုံးချက်ပစ်တာ၊ မသေဘူး။ လက်မောင်း နဲ့ ပေါင် မှန်တယ်လို့ ကြားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။     

    

ပစ်ခတ်မှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သွားခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Source-MFP