စစ်ရေးအရ စွန့်စားမှုတွေကို ရပ်တန့်လိုက်ဖို့ တရုတ်ကို ထိုင်ဝမ် သတိပေး

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်အပေါ် နယ်မြေပိုင်နက် ကျူးကျော်မှုတွေကို ရပ်တန့်လိုက်ဖို့ သင့်ပြီး စစ်ရေးအရ စွန့်စားမှုတွေ ထပ်မံပြီး မပြုလုပ်ဖို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က နှစ်သစ်ကူး မိန့်ခွန်းမှာ အသိပေးပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ထိုင်ဝမ်အပေါ် သူ့တို့ရဲ့ နယ်မြေပိုင်နက်အဖြစ် သတ်မှတ်ထားသလို ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတာဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားတာပါ။

ဒါကြောင့်လည်း ထိုင်ဝမ်နဲ့ တရုတ် ဆိုးရွားတဲ့ဆက်ဆံရေးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ အမြင့်ဆုံး ရောက်ရှိခဲ့သလို တရုတ်နိုင်ငံရဲ့ လေကြောင်း ကျူးကျော်မှုတွေက ထိုင်ဝမ်အပေါ် များပြားခဲ့ပါတယ်။

တရုတ်ရဲ့ ထိုင်ဝမ်အပေါ် လေကြောင်း ကျူးကျော်မှုတွေဟာ ရာချီကျော်လွန်ခဲ့ပြီး အဆက်မပြတ် ဖိအားပေးခြိမ်းခြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်ကတော့ သူတို့ရဲ့ အချုပ်အခြာအာဏာအတွက် အလျှော့မပေးခဲ့ဘဲ ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်ဆိုတဲ့ သတ်မှတ်မှုတွေကို အခိုင်အမာ ပယ်ချထားပါတယ်။

“အခုအခြေအနေတွေကို လွဲမှားစွာ ကောက်ချက်မဆွဲမိဖို့ သတိပေးချင်ပါတယ်။ စစ်ရေးအရ ချဲ့ထွင်မှုတွေကို တရုတ်ဘက်က စွန့်စားလာတာတွေ ရပ်တန့်ဖို့ကိုပဲ ဘေဂျင်းအာဏာပိုင်တွေကို သတိပေးရမှာဖြစ်တယ်”လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ စနေနေ့က နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ဟာ တရုတ်နိုင်ငံကို အခုလို သတိပေးမှုတွေပြုလုပ်ခဲ့ပေမယ့် အမိမြေပြန်လည်ပေါင်းစည်းရေးအတွက်တော့ ပူးပေါင်းသွားဖို့ အဆင်သင့်ရှိနေတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။