UNITY IDP Campအတွက် ဗိုလ်မှူးစောစလုံးက စားနပ်ရိက္ခာထပ်မံလှူဒါန်း

၂၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

UNITY IDP Campအတွက် DKBA ဗျူဟာလက်အောက်ခံ အထူးစစ်ကြောင်းမှ ဗိုလ်မှူးစောစေလုံးက စားနပ်ရိက္ခာတွေ ထပ်မံလှူဒါန်းခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေထံက သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၂ရက်နေ့ နေ့လည်ပိုင်းမှာ ဗိုလ်မှူးစောစလုံးနဲ့ဇနီးဖြစ်သူတို့ဟာ UNITY IDP Campမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ထမင်းဘူး ၅၀၀ကို လာရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

UNITY IDP Campစခန်းမှာ မနေ့က ဒီဇင်ဘာလ ၂၁ရက်နေ့ ညပိုင်းမှာလည်း စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်လောင်းတစ်ဦးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်စခန်းမှာ ဆရာဝန်၄ဦးနဲ့ သူနာပြု ၃ဦးဟာ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေပြီး စစ်ဘေးရှောင်ဦးရေ ၁၁၀၂ဦးထိ ရှိနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာလုပ်ဆောင်ပေးဖို့ တာပေါ်လင်တွေနဲ့ စောင်တွေ လိုအပ်နေပြီး ရိက္ခာအတွက်တော့ ၅ရက်စာခန့် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- UNITY IDP Camp