အုတ္ဖုတ္လုပ္ငန္းေတြမွာ ကေလးလုပ္သားေတြကို မခိုင္းဖို႔ ကေမၻာဒီးယားအစိုးရ တားျမစ္

၁၆/ ဇြန္/ ၂၀၁၉
ဖႏြမ္းပင္

ကေမာၻဒီးယားႏုိင္ငံက အုတ္ဖုတ္လုပ္ငန္းေတြမွာ ကေလးလုပ္သားေတြကုိ မခုိင္းဖုိ႕ အာဏာပုိင္ ေတြက တားျမစ္လုိက္ပါတယ္။

ကေလးလုပ္သား ခန္႕တဲ့ အုတ္ဖုတ္လုပ္ငန္းရွင္ေတြကုိ ရာဇဝတ္ျပစ္မႈနဲ႔ အေရးယူဖုိ႔ ကေမာၻဒီယား အလုပ္သမားနဲ႕ အသက္ေမြးဝမ္းေၾကာင္း ဝန္ၾကီးဌာနက သက္ဆုိင္ရာ အဖြဲ႕အစည္းေတြကုိ ေတာင္းဆုိလုိက္ပါတယ္။

ဇြန္ ၅ရက္ေန႔က ထုတ္ျပန္လိုက္တဲ့ စည္းမ်ဥ္းအရ ကေလးလုပ္သားခန္႕ထားတဲ့ အုတ္ဖုတ္ လုပ္ငန္းရွင္ေတြ အေနနဲ႕ ေထာင္ဒဏ္ခ်မွတ္ခံရႏုိ္င္ပါတယ္။ ဒ့ါအျပင္ အေၾကြးမဆပ္ႏုိင္လုိ႕ အလုပ္ခုိင္းေစတာဟာလည္း အလုပ္သမားလြတ္လပ္ခြင့္ကုိ ခ်ိဳးေဖာက္ရာေရာက္တာေၾကာင့္ ျပင္းျပင္းထန္ထန္ တားျမစ္လုိက္ပါတယ္။

အခုႏွစ္ မတ္လ ၉ရက္ေန႔က အုတ္ဖုတ္ လုပ္ငန္းတစ္ခုမွာ မေတာ္တဆမႈေၾကာင့္ အသက္ ကုိးႏွစ္အရြယ္ မိန္းကေလးငယ္တစ္ေယာက္ လက္ျပတ္သြားခဲ့ပါတယ္။ ဒါေပမယ့္ မိန္းကေလးဟာ အဲဒီ အုတ္ဖုတ္ လုပ္ငန္းမွာ အလုပ္လုပ္ေနတဲ့ သူရဲ႕ မိဘေတြကုိ ကူရင္း အခုလုို မေတာ္တဆ ျဖစ္ခဲ့တာျဖစ္ျပီး ဖိအားေပး ခုိင္းေစခံရတာ မဟုတ္ဘူးလုိ႕ ေဒသႏၱရ အာဏာပုိင္ေတြက ေျပာပါတယ္။ အဲဒီျဖစ္ရပ္ေနာက္ပုိင္း ကေလးလုပ္သားေတြကုိ မခုိင္းဖုိ႕ အာဏာပုိင္ေတြက တားျမစ္လုိက္တာပါ။

Ref : http://www.asianews.it

[ Unicode ]
၁၆/ ဇွန်/ ၂၀၁၉
ဖနွမ်းပင်ကမ္ဘောဒီးယားနိုင်ငံက အုတ်ဖုတ်လုပ်ငန်းတွေမှာ ကလေးလုပ်သားတွေကို မခိုင်းဖို့ အာဏာပိုင် တွေက တားမြစ်လိုက်ပါတယ်။

ကလေးလုပ်သား ခန့်တဲ့ အုတ်ဖုတ်လုပ်ငန်းရှင်တွေကို ရာဇဝတ်ပြစ်မှုနဲ့ အရေးယူဖို့ ကမ္ဘောဒီယား အလုပ်သမားနဲ့ အသက်မွေးဝမ်းကြောင်း ဝန်ကြီးဌာနက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။

ဇွန် ၅ရက်နေ့က ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းအရ ကလေးလုပ်သားခန့်ထားတဲ့ အုတ်ဖုတ် လုပ်ငန်းရှင်တွေ အနေနဲ့ ထောင်ဒဏ်ချမှတ်ခံရနို်င်ပါတယ်။ ဒ့ါအပြင် အကြွေးမဆပ်နိုင်လို့ အလုပ်ခိုင်းစေတာဟာလည်း အလုပ်သမားလွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်တာကြောင့် ပြင်းပြင်းထန်ထန် တားမြစ်လိုက်ပါတယ်။

အခုနှစ် မတ်လ ၉ရက်နေ့က အုတ်ဖုတ် လုပ်ငန်းတစ်ခုမှာ မတော်တဆမှုကြောင့် အသက် ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် လက်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် မိန်းကလေးဟာ အဲဒီ အုတ်ဖုတ် လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ သူရဲ့ မိဘတွေကို ကူရင်း အခုလိုု မတော်တဆ ဖြစ်ခဲ့တာဖြစ်ပြီး ဖိအားပေး ခိုင်းစေခံရတာ မဟုတ်ဘူးလို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း ကလေးလုပ်သားတွေကို မခိုင်းဖို့ အာဏာပိုင်တွေက တားမြစ်လိုက်တာပါ။

Ref : http://www.asianews.it