အားကစားကဏ္ဍ

ဘက်တစ်နဲ့ပွဲမှာ ပြသခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ ခံယူချက်ပိုင်းကို တန်ဟက်ဂ် ချီးကျူးစကားဆို

မတ်၊ ၁၀ ရီးရဲလ်ဘက်တစ်နဲ့ ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာဒန်ဒက်စ်ရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်ပိုင်းကို မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ချီးကျူးသွားပါတယ်။  ယူနိုက်တက်ဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ စပိန်ကလပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဏ္ဏားကျွန်းမြို့နယ်မှာ အရက်မူးပြီး အိမ် မီးရှို့သူကိုAA က ဖမ်းသွား

မတ်၊ ၉ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ရွာမှာ အရက်မူးနေသူတဦးက သူ့အိမ်ကို မီးရှို့ရာကနေ ပတ်၀န်းကျင်အိမ်တွေကို မီးကူးသွားပြီး နေအိမ် ၃ လုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ အဲဒီရွာသား တွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၉ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

မတ်၊ ၉ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုတ်ပြင်းမြို့နယ်မှာ တအိမ်တယောက် စစ်သင်တန်းတက်ရမယ်လို့ စစ်ကောင်စီ ဖိအားပေးနေ

မတ်၊ ၉   တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ အိမ်ထောင်စုတခုကို တဦးနှုန်းနဲ့ စစ်သင်တန်းတက်ရောက်ဖို့ စစ်ကောင်စီအုပ်ချုပ်ရေးအပိုင်းက အတင်းအကြပ်ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တာဝန်ယူထားတဲ့ တပ်ရင်းမှူးရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေတဆင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်းမှာ ကွယ်လွန်သူတဦးပိုင် တိုက်ခန်းကို ရောင်းစားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး အတိုင်ခံရ

မတ်၊ ၉   ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းမပေါ်က အိမ်အမှတ် ၁၇၀/၅ လွှာမှာ တိုက်ခန်းအတွင်း ရုတ်တရက်သေဆုံးခဲ့သူ ဦးဘုန်းကျော်သူရဲ့တိုက်ခန်းကို စစ်တပ်ဗျူဟာမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်း နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူရိန်တို့ ပေါင်းပြီးသိမ်းဆည်းရောင်းစားခဲ့ကြတာလို့ ရပ်ကွက်နေပြည်သူတွေက ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရှုံးများလို့ ရပ်နားထားတဲ့ သံမဏီစက်ရုံတွေကို အမျော်အမြင်မရှိဘဲ ရပ်နားခဲ့တယ်လို့ စစ်ခေါင်းဆောင်အပြစ်တင်

မတ်၊ ၉ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်  (NLD ပါတီ) အစိုးရလက်ထက်က အရှုံးများနေလို့ လွှတ်တော်အတွင်းဆွေးနွေးပြီး ရပ်ဆိုင်းထားခဲ့တဲ့ သံမဏီစက်ရုံစီမံကိန်းတွေကို နာလည်မှုနဲ့ မဟာဗျူဟာမြောက်အမြင်မရှိဘဲ ရပ်ဆိုင်းခဲ့လို့ နိုင်ငံတော်အတွက် များစွာနစ်နာခဲ့ရတယ်လို့ အာဏသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြစ်တင်ပြောဆိုခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇလုံကြီးဟင်းအနှစ်ထုပ်မန္တလေးအရောင်းဆိုင်ပိုင်ရှင်ကို ဖမ်းဆီးပြီးနောက် ရန်ကုန်က ဆိုင်ရှင်ကိုလည်း ရှာဖွေနေ

မတ်၊ ၉ ဖေ့စ်ဘွတ်ခ်ဆယ်လီ ပန်ဆယ်လိုနဲ့ ဒေသကာကွယ် ရေးအဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေးမြို့ က ဇလုံကြီး ဟင်းအနှစ်ထုပ်အရောင်းဆိုင်ပိုင်ရှင်ကို စစ်ကောင်စီကဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် ရန်ကုန် က အရောင်းဆိုင်ပိုင်ရှင်ကိုလည်း ရှာဖွေနေတယ်လို့ မြို့နယ်မှာနေထိုင်သူတွေကDNA ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ လဝက်အတွင်း အိမ်သုံးရာကျော်မီးရှို့ခံရ၊ဒေသခံသုံးဦးသေဆုံး

မတ်၊ ၉ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေက နယ်မြေထိစပ်ကျေးရွာတွေမှာ စစ် တပ်ကစစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေကြောင့်လဝက်အတွင်းနေအိမ်သုံးရာကျော်မီးရှို့ခံရပြီး ဒေသခံသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီက စစ် ကြောင်းထိုးမီးရှို့မှုတွေမကြာမကြာလုပ်လေ့ရှိသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးနောက် လ လယ်ပိုင်းကစလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မှာထန်းတတ်သမားနှစ်ဦးစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံး

မတ်၊ ၉ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကဘန်ဘွေးကျေးရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမတ်လ၈ရက်မနေ့က ကျွန်းတောပြင်(ခေါ်) နဘူးတောကျေးရွာက ထန်းတတ်သမားနှစ်ဦးကိုပစ်ခတ်ခဲ့လို့သေဆုံးခဲ့ပါတယ်လို့ သိရပါတယ်။ “စစ်ကြောင်းကဘန်ဘွေးရွာကနေအင်အား၂၀ကျော်နဲ့ထွက်လာတာ ။ကျွန်းတောပြင်(ခေါ်)နဘူးတောကျေးရွာတောပြင်က ထန်းတက်သမား သူကစစ်ကြောင်းဝင်လာလို့ပြေးဖို့ဆိုင်ကယ်လှည့်ယူတာ။အဲ့ဒီအချိန်မှာ ပစ်သတ်ခံရတာ။နောက်တယောက်ကကျ သေနတ်ကိုရမ်းသမ်းပစ်ပြီးစစ်ကြောင်းဝင်လာလို့လန့်ပြီးထန်းပင်ပေါ်ကအဆင်းမှာပြုတ်ကျပြီးဆုံးတာ “လို့ Gz Yinmarbin PDF က DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အကျပ်အတည်းကြီး နှစ်ခုကို ကြံ့ကြံ့ခံခဲ့တဲ့ ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုစနစ်

မတ်၊ ၉ ကပ်ရောဂါနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေလို ကြီးကြီးမားမား အကျပ်ဆိုက်မှုကြီး နှစ်ခုကို ဆက်တိုက် ကြုံခဲ့ရတဲ့တိုင် မြန်မာ ပြည်သူတွေနဲ့ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ ကြံ့ကြံ့ခံနိုင်စွမ်း ပြသခဲ့တယ်လို့ သုတေသန ရလဒ်သစ် [ဆက်လက်ဖတ်ရှုရန်]