အားကစားကဏ္ဍ

ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ယုံကြည်ချက် ရှိနေတယ်ဆိုတဲ့ အင်္ဂလန် ခံစစ်မှူး မက်ဂွိုင်းယား

အင်္ဂလန် အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အမှန်တကယ် ယုံကြည်ချက် ခိုင်ခိုင်မာမာ ရှိနေတယ်လို့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ပြောကြားခဲ့ပါတယ်။   အင်္ဂလန်ဟာ လွန်ခဲ့တဲ့ ၄ နှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲထိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရားမဝင် ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြဖို့ တိုက်တွန်းခဲ့တဲ့ ကလေးမြို့ ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းနဲ့ မြို့ခံပြည်သူတွေဟာ ” တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ဆိုတဲ့ စာတမ်းကိုင်ဆောင်ပြီး ဒီဇင်ဘာ (၇) ရက် ဒီကနေ့မှာ စစ်အာဏာရှင်ကိုဆန့်ကျင် သပိတ်မှောက်ခဲ့ကြပါတယ်။ စစ်ကောင်စီက ကျင်းပမယ်လို့ ကြေငြာထားတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ပါဝင်ပူးပေါင်းခြင်းမရှိဘဲပြည်သူလူထုအားနဲ့တိုက်ဖျက်ကြဖို့ နှိုးဆော်တာဖြစ်တယ်လို့သပိတ်မှာပါဝင်သူတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းမြောက် နမ့်ဆန်မှာ TNLA နဲ့ စစ်တပ်တိုက်ပွဲဖြစ်ပြီး လေကြောင်းကဗုံးကျဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့ ဒီကနေ့ ဒီဇင်ဘာ (၇) ရက် နေ့လယ်ပိုင်းကနေ လက်ရှိအချိန်အထိတိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “စခန်းတွေရှိတဲ့နေရာတွေကို ဦးတည်ပြီးတော့မှ လေယာဉ်ပျံတွေပျံပြီးမှ အခုဒရုံးတွေနဲ့ သူတို့က လိုက်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သေဒဏ်ချခံထားရတဲ့ ကျောင်းသားလူငယ်တွေအတွက် ကျိုက်မရောအကျဉ်းထောင်က နိုင်ကျဉ်းတွေ အစာငတ်ခံဆန္ဒပြတာတွေဆက်လုပ်မယ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာသေဒဏ်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းတွေအတွက် ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာထောင်တွင်းမှာ အစာငတ်ခံဆန္ဒထုတ်ဖော်နေကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက DNA ကိုပြောပါတယ်။ “ ကျွန်တော်တို့ သိသလောက်ကတော့ ကျောင်းသား ၇ ဦးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့‌ပေါ်ရပ်ကွက်တွေမှာ ပစ်ခတ်သံတွေကြားနေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ မုံရွာမြို့ဝင်ရပ် အနောက်ခြမ်းမှာ ဒီကနေ့ ဒီဇင်ဘာ ၇ ရက်ညနေပိုင်းကစလို့ ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတာကြောင့် ဒေသခံတွေ ရပ်ကွက်တွေထဲကနေ ထွက်ပြေးနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ‘’ပစ်သံတွေကတော့ ကြားနေရတာ မဆန်းတော့ဘူး။ အခုရက်ထဲ ပိုစိပ်လာတယ်။ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ တပ်ထောက်ခံသူလို့ဆိုတဲ့ သားအမိနှစ်ဦး တရက်တည်းပစ်ခတ်ခံရ

ဧရာဝတီတိုင်းဒေသကြီးထဲက ဒေးဒရဲမြို့နယ်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်ထောက်ခံသူလို့ လူသိများတဲ့ သားအမိနှစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ညပိုင်းမှာတော့ ဒေးဒရဲမြို့နယ်ထဲက တိုးကျေးရွာ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

တော်လှန်ရေးသည်သာ တည်ငြိမ်အေးချမ်းမှုအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင် တော်လှန်နေတဲ့ အင်အားစုတွေကြားမှာ လုံးဝဥဿုံ ပြီးပြည့်စုံတဲ့ စည်းလုံးညီညွတ်မှုမျိုး ရရှိလာဖို့ ဆိုတာက လက်တွေ့ မကျသလို အကောင်းဆုံး ရွေးချယ်မှုလည်း မဟုတ်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့တွေကြားမှာ ပိုမိုကောင်းမွန်တဲ့ ညှိနှိုင်းမှုတွေ၊ ပေါင်းစည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းနိုင်ငံရောက် မြန်မာ MoU အလုပ်သမားတွေ စာချုပ်ပါ အချက်အလက် ချိုးဖောက်ခံနေရ

ထိုင်းနိုင်ငံကို နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) စနစ်နဲ့ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စာချုပ်ပါအချက်အလက် ချိုးဖောက်ခံရမှုနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ MoU စနစ်နဲ့ စာချုပ်ချုပ်ပြီး အလုပ်လုပ်ဖို့သွားခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်(ခေါ်) ကိုဂျိမ်းကို စစ်တပ်က ထောင်သုံးနှစ်ချပြီး ပုဒ်မ ၅၀- ညနဲ့ဆက်ရင်ဆိုင်ရဖို့ရှိနေ

ပြီးခဲ့တဲ့ ဇွန်လထဲမှာစစ်ကောင်စီတပ်တွေဖမ်းဆီးသွားတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်ကိုလင်းထက်နိုင် (ခေါ် ) ကိုဂျိမ်းကို ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီက အင်းစိန်ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့ထောင် ၃နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေပြောပါတယ်။ ဒါ့အပြင် ကိုလင်းထက်နိုင်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့ မြို့လှရပ်ကွက်ထဲမှာစစ်သား တွေမိုင်းဆွဲတိုက်ခံရ

  ကလေးမြို့အနောက်ပိုင်း၊မြို့လှရပ်ကွက်အတွင်းမှာ PDF တပ်ဖွဲ့ဝင်တဦးရဲ့နေအိမ်ကိုလာရှာတဲ့ စစ်ကောင်စီစစ်သားတွေ ဒီဇင်ဘာ( ၇) ရက် ဒီကနေ့ နေ့လယ်တစ်နာရီကျော်မှာမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတွေဆီကသိရပါတယ်။   စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအင်အားလေးဆယ် ဝန်းကျင်နဲ့ ရပ်ကွက်ထဲဝင်လာပြီး နေအိမ်တအိမ် ကိုသွားဖို့ မေးမြန်းခဲ့တာတွေ့ရပြီးလမ်းပေါ်မှာ မိုင်းဆွဲခံရတာဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]