ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဂျပန်လေပိုင်နက်ကို ဖြတ်ပျံသွားတဲ့ အမျိုးအမည်မသိ အရာတချို့ဟာ တရုတ်ရဲ့ စပိုင် မိုးပျံပူဖောင်းတွေ ဖြစ်နိုင်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက မှတ်ချက် ပေးခဲ့ပါတယ်။ ဖြစ်စဉ်အဟောင်းတွေကို ပြန်လည် သုံးသပ် စစ်ဆေးမှုတွေအရ အဲဒီအရာတွေဟာ တရုတ်က စေလွှတ်ခဲ့တဲ့ မိုးပျံပူဖောင်းတွေလို့ ယုံကြည်နိုင်လောက်တဲ့ အထောက်အထားတွေ ခိုင်ခိုင်မာမာ ပြန်လည် တွေ့မြင်လာရတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီ ၁၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။…
Read More