၂၈၊ဇန်နဝါရီလ၊၂၀၂၂။ မြန်မာကလေးတွေအကြမ်းဖက် တိုက်ခိုက်ခံနေရတာနဲ့ပတ်သက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီက နည်းလမ်းရှာကာကွယ်ဖို့ Save the Children ကတိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့နောက် ကလေး ၁သိန်းခွဲလောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အကြောင်းSave the Children အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ အဲဒီလို ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ကယားပြည်နယ်စစ်ရှောင်စခန်းမှာ ဗုံးကြဲခံရတာတွေအပါအဝင် စစ်ကိုင်းတိုင်းထဲ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ကလေးတွေသေဆုံးမှုတွေရှိနေတယ်လို့Save the Children ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ UNOCHA ရဲ့ ဇန်နဝါရီ၂၆ရက်နေ့ထုတ်ပြန်ချက်မှာ တိုက်ပွဲတွေကြောင့် မြန်မာလူဦးရေ၄သိန်းလောက်ဟာ…
Read More