ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းနဲ့ မကွေးတိုင်းတွေရဲ့ လမ်းမကြီးတွေကို ၉၀ ရာနှုန်း စိုးမိုးထားနိုင်ပြီလို့ NUG ပြော

မနေ့က ဇွန်လ ၂၁ ရက်နေ့ ညနေက ကျင်းပတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ NUG ရဲ့ အွန်လိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Press Secretary တာဝန်ယူထားတဲ့ ကိုနေဘုန်းလတ်က စစ်ကိုင်း နဲ့ မကွေးတိုင်းတွေရဲ့ မြောက်ပိုင်းဒေသတွေမှာ အဓိက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တော်လှန်ရေး အောင်မြင်တဲ့အထိ ကရင်နီပြည်သူတွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ NUG အစိုးရပြော

အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ကရင်နီပြည်သူတွေနဲ့အတူ ခိုင်မာစွာရပ်တည်ကာ အခုဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး ပြီးမြောက်အောင်မြင်တဲ့အထိ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၁၄၇ နှစ်မြောက် ကရင်နီအမျိုးသားနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာ အဲဒီလိုဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာလုယူဖို့ကြိုးပမ်းမှုကို ကရင်နီပြည်သူတစ်ရပ်လုံးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUGPay Mobile Wallet ဖြင့် အသုံးပြုနိုင်မယ့်ဒစ်ဂျစ်တယ်မြန်မာကျပ်-DMMK စတင်မိတ်ဆက်

မြန်မာကျပ်ငွေကို ဘလောက်ချိန်းနည်းပညာသုံးပြီူ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် စတင်မိတ်ဆက်လိုက် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကမနေ့က ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အဆိုပါငွေကြေးစနစ်ကို NUGPay Mobile Wallet နဲ့အသုံးပြုနိုင်မှာဖြစ်တယ်လို့ NUG၊ စီမံကိန်း၊ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုသတင်းတွေကို ပေးပို့ကြဖို့ NUG အစိုးရ ဖိတ်ခေါ်

စစ်အုပ်စုရဲ့ အကြမ်းဖက်မှုနဲ့ စစ်တပ်ဆိုင်ရာသတင်းအချက်အလက်တွေကို ပေးပို့ ကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်၊ ရဲနဲ့ထောက်တိုင်တွေရဲ့ လှုပ်ရှားမှုနဲ့ကိုယ်ရေးအချက်အလက်တွေ၊ စစ်ရာဇဝတ်မှုတွေ၊အကြမ်းဖက်မှုတွေ၊ စစ်ယာဉ်တန်း ရွေ့လျားမှုတွေ၊ တပ်တည်၊ တပ်လှုပ်တွေနဲ့ ဒေသတွင်း အရေးကြီးဖြစ်စဉ်တွေကို သတင်းပေးပို့ကြဖို့ ဖိတ်ခေါ်တာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးနိုင်ရေး သက်သေအထောက်အထားတွေ စုဆောင်းထား

အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးနိုင်ရေးအတွက် ကာယကံရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ သက်သေအထောက်အထားတွေ စုဆောင်းထားရှိတယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUGအစိုးရနဲ့ လူသိရှင်ကြားဆက်ဆံဖို့ အာဆီယံနိုင်ငံတွေကို အမေရိကန်တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ လူသိရှင်ကြားဆက်ဆံကြဖို့ အာဆီယံနိုင်ငံတွေကို အမေရိကန် နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက်ကတိုက်တွန်းလိုက်ပါတယ်။ အမေရိကန်အစိုးရက NUGအစိုးရကို ထိတွေ့ဆက်ဆံသလိုမျိုး ဆက်ဆံဖို့ ဒဲရစ်ချောလက်က တိုက်တွန်း ကြောင်း The Strait Times သတင်းစာမှာဖော်ပြပါတယ်။ မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ စစ်အုပ်စုကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအပေါ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ရေး NUG ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

ပြည်သူအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို ဥပဒေနဲ့အညီ အရေးယူအပြစ်ပေး နိုင်ဖို့ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ ပြည်သူတစ်ရပ်လုံး ယုံကြည် လက်ခံတဲ့ ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်ကာ ပြည်သူအတွက် တရားဥပဒေနဲ့အညီ ဝန်ဆောင်မှုပေးတဲ့ ရဲတပ်ဖွဲ့ဖြစ်စေဖို့ ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနဲ့အညီပြည်သူ့ရဲတပ်ဖွဲ့ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

Kaung For You ကျောင်းမှာ ကျောင်းသားသုံးသောင်းအထိ လက်ခံမယ်

NUGပညာရေးဝန်ကြီးဌာန လက်အောက်ခံ Kaung For You ကျောင်းမှာ ကျောင်းသားသုံးသောင်းအထိ လက်ခံနိုင်အောင်ကြိုးစားစီစဉ်နေကြောင်း သိရပါတယ်။ အခုပညာသင်နှစ်မှာ ကျောင်းသားတစ်သောင်းကိုသာ လက်ခံသင်ကြားပေးသွားမယ်လို့ကြေညာထားတဲ့ Kaung For Youကို ကျောင်းအပ်ထားတဲ့ ကျောင်းသားအရေအတွက် နှစ်သိန်းနီးပါးရှိနေတဲ့အတွက် ကျောင်း သားပိုမိုလက်ခံနိုင်အောင်အပူတပြင်းကြိုးစားနေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုမှုတွေကိုအသိအမှတ်ပြုလက်ခံမှာ မဟုတ်ကြောင်း NUG ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများအား တရားမဝင်ကြောင်းနဲ့ အသိအမှတ်ပြုလက်ခံမှာ မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကဒီနေ့ရက်စွဲနဲ့ အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းအပေးအယူပြုလုပ်မှုတွေကို တရားမဝင်ကြောင်းနဲ့ အသိအမှတ်ပြုလက်ခံခြင်းမှာ မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်အမှတ် ၁၁/၂၀၂၂ ကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG လက်အောက်ခံ Kaung For You ကျောင်းမှာ တစ်နာရီအတွင်း ကျောင်းသားတစ်သိန်း အပ်နှံ

NUGပညာရေးဝန်ကြီးဌာန လက်အောက်ခံ Kaung For You ကျောင်းမှာ တစ်နာရီအတွင်း ကျောင်းသားတစ်သိန်း ကျောင်းအပ်နှံခဲ့ကြောင်း သိရပါတယ်။ NUG ပညာရေးစနစ်အတိုင်း KG တန်းကနေ Grade11 အထိ အခုပညာသင်နှစ်မှာ ကျောင်းသားတစ်သောင်းကို အွန်လိုင်းကနေ သင်ကြားပေးမယ့် [ဆက်လက်ဖတ်ရှုရန်]