၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ၂ဦးကို ကရင်နီပြည်ရဲဌာန KSPက ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာလ ၇ရက်နေ့က နန်းမယ်ခုံမြို့ ခေါခူရှမ်းရပ်ကွက်က နေအိမ်တစ်ခုကို ကရင်နီပြည်နယ်ရဲဌာနက ဝင်ရောက်ရှာဖွေရာမှာ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ WYစာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅ပြားကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူကို စစ်ဆေးရာမှာ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့က အမျိုးသားတစ်ဦးထံက…
Read More