သွေးသောက်အဖွဲ့ဝင်အဖြစ်နာမည်ကြီးနေသူကို ရေကြည်မှာရှင်းလင်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ လက်ပံပင်ကျေးရွာရှိ သွေးသောက်အဖွဲ့ဝင် အဖြစ်နာမည်ကြီးနေသူပျူစောထီး တစ်ဦးကို ရှင်းလင်းလိုက်ကြောင်းသိရပါတယ်။ မေလ၂၁ရက်နေ့ ည၇နာရီခွဲလောက်က ပျူစောထီးဆိုသူသန့်ဇင်ဦးကို အိမ်ထဲ သေနတ်နဲ့ ၃ချက် ဝင်ပစ်ခဲ့ ကြောင်း ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနက ဒီနေ့မနက်ထုတ်ပြန်ပါတယ်။ သန့်ဇင်ဦးဟာ ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားတယ်လို့သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]