နိုင်ငံရေး

ရန်ကုန်မှာ မင်းအောင်လှိုင်ရောက်နေလို့ တစ်မြို့လုံးလမ်းပိတ်ဆို့မှုတွေဖြစ်နေ

အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင် လှိင်ရန်ကုန်ကိုရောက်နေတဲ့အချိန် စစ်ကောင်စီတပ်တွေ က လမ်းတွေပိတ်ဆို့ထားတာကြောင့် မြို့အနှံ့မှာ ယာဥ်ကြောပိတ်ဆိုမှုတွေဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက​ DNAကိုပြောပါတယ်။ “ကျွန်တော်တို့မနက်ကတည်းက မင်းအောင်လှိုင်လာလို့ဆိုပြီး လမ်းတွေပိတ်နေတာ၊ ဒီပြည့်သူ့ရင်ပြင်အရှေ့ နားမှာ”လို့ အငှားယာဥ်မောင်းတဦးက ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီကနေ့ ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ တရက်တည်းမီးလောင်မှုခုနစ်မှုဖြစ်ပြီး နှစ်ဦးသေဆုံး

စီးပွားရေးမြို့တော် ရန်ကုန်မှာ မနေ့က ဖေဖော်ဝါရီ ၈ ရက် တရက်တည်း မီးလောင်မှု ခုနစ်မှုဖြစ်ပြီး လူနှစ် ဦးသေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီ ရေး အသင်းတွေဆီက သိရပါတယ်။ ရန်ကုန်မြို့မှာမနေ့က မင်္ဂလာတောင်ညွန့်၊ ဒဂုံမြိုု့ သစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းအောင်လှိုင်ရောက်နေချိန် ရန်ကုန်မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေချိန် ဒီကနေ့ ဖေဖော်ဝါရီ(၆)ရက် ရန်ကုန်မြို့ နေရာ အနှံ့အပြားမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒီကနေ့မနက်အစောပိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ်က လျှပ်စစ်ရုံးနဲ့စည်ပင်ရုံးတို့မှာဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့သလို မှော်ဘီမြို့နယ်လျှပ်စစ်ရုံးမှာလည်းပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် သာကေတမြို့နယ်၊ အဝိုင်းအနီးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မတူပီမြို့ခံ လူငယ်တဦး ပေါက်မြို့သရက်တော ဂိတ်မှာဖမ်းဆီးခံရ

မတူပီမြို့ကနေ ရန်ကုန်ကို ခရီးထွက်လာတဲ့ ချင်းတိုင်းရင်းသားလူငယ်တဦးကိုမကွေးတိုင်း၊ပေါက်မြို့နယ် သရက်တောဂိတ်မှာ စစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့ မတူပီဒေသခံတွေက DNA ကိုပြောပါတယ်။ ခရီးသည်တင်ကားနဲ့လိုက်ပါလာတဲ့ အဲ့ဒီလူငယ်ကို သရက်တောသစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေက စစ်ဆေးပြီးတဲ့နောက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။ “သူ့ဖုန်းကိုစစ်ပြီးဖမ်းတာ၊ ခုလူတွေ့ လို့မရဘူး ဖြစ်နေတယ်၊တွေ့ခွင့်လည်းမပြုဘူး”လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွတ်လပ်ရေးနေ့ စစ်ကောင်စီရဲ့လွတ်ငြိမ်းကိုမျှော်နေကြသူများ

ဒီကနေ့ ဇန်နဝါရီ ၄ရက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသားတွေ ကိုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ စစ်ကောင်စီကလွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ရှေ့မှာမိသားစုဝင်တွေကလာရောက်စောင့်ဆိုင်းနေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။   ” မနက်အစောပိုင်းကတည်းက လာစောင့်နေကြတာ။ ၉နာရီလောက်မှာ လူရာဂဏန်းလောက်ရှိနေပြီ။ ဘာသတင်းမှတော့မကြားထားဘူး။ လွတ်လပ်ရေးနေ့လွတ်ငြိမ်းရှိတယ်ဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီ စရဖတပ်က UG အဖွဲ့ထောင်ပြီး ရန်ကုန် UGအဖွဲ့တွေထဲစိမ့်ဝင်နေတယ်လို့ဆို

စစ်ကောင်စီရဲ့ထောက်လှမ်းရေးတပ်တစ်ခုဖြစ်တဲ့ အမှတ် ၁ တပ်မတော် စစ်ဘက်လုံခြုံရေးအဖွဲ့က UG အဖွဲ့တစ်ခုထောင်ပြီး ရန်ကုန်မြို့တွင်းက မြေအောင်တော်လှန်ရေးအဖွဲ့(UG)တွေကြားကို ထိုးဖောက်စိမ့် ဝင်နေတယ်ဆိုတဲ့ အသံဖိုင်တစ်ခု လူမှုကွန်ရက်မှာပျံ့လာနေသလို ရန်ကုန် မြေအောက်တော်လှန်ရေး အဖွဲ့ တွေကလည်း အဲ့ဒီလိုအခြေအနေတွေရှိနေတယ်လို့ DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ထောက်ခံသူတွေကို ရပ်/ကျေးအုပ် ချုပ်ရေးမှူးတွေအဖြစ် အစားထိုးခန့်အပ်နေ

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ်လို့ပြောဆိုထားတဲ့ ရွေးကောက်ပွဲ နီးကပ်လာချိန် အခုနှစ် ကုန်ပိုင်းမှာ လက်ရှိရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို အနားပေးပြီး စစ်အုပ်စုထောက်ခံသူတွေနဲ့ ပြည်ခိုင် ဖြိုးပါတီဝင်တွေကို အစားထိုးခန့်အပ်တာတွေ လုပ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက စုံစမ်း သိရှိရပါတယ်။   လက်ရှိမှာ ရန်ကုန်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ တစ်ရက် ဆယ်နာရီကြာလောက် လျှပ်စစ်မီး ပုံမှန်ပျက်နေ

ရန်ကုန်ကမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း နေ့စဉ် လျှပ်စစ်မီး ဆယ်နာနာရီဝန်းကျင်လောက် အထိ ပျက်နေတယ်လို့ ရန်ကုန် မြို့ခံတွေက DNA ကို ပြောပါတယ်။ လျှပ်စစ်မီးကို အကြောင်းပြချက်မရှိ၊ ကြိုတင်အသိပေးခြင်းမရှိဘဲ ဖြတ်တောက်နေတာဖြစ်ပြီး တစ်ခါပျက်ရင် အနည်းဆုံး သုံးနာရီလောက်အထိ ကြာတတ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင် ပေါက်ကွဲမှုအတွင်း ဗကသကျောင်းသားခေါင်းဆောင်ဟောင်းတဦးရဲ့ မိခင်အပါအဝင် နိုင်ကျဉ်းမိသားစုဝင်တချို့ သေဆုံးထိခိုက်

ရန်ကုန်၊အင်းစိန်ထောင်အတွင်း ဒီကနေ့ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှာ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းရဲ့ မိခင်ဖြစ်အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစု ဝင်တွေ သေဆုံး ဒဏ်ရာရခဲ့ကြတယ်လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။ “ကျွန်တော်တို့လည်း သတင်းကြားကြားချင်မယုံနိုင်ဘူးဖြစ်ခဲ့ပေမယ့် သတင်းတွေထွက်လာတော့ မယုံချင်လည်း ယုံရတော့ပါပဲ။ဂျိမ်းအတွက်တော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်းတရားရုံးအနီးက ယာဥ်ထိန်းရဲကင်းဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်၊စမ်းချောင်းမြို့နယ်၊ဗားကရာလမ်းနဲ့ဗဟိုလမ်းထောင့်က ယာဥ်ထိန်းရဲကင်းကို ဒီကနေ့အောက်တိုဘာ (၁၀) ရက် ည ၈နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရဲကင်းရုံ အရှေ့ဘက်မှာ ထိခိုက်ပျက်စီးမှုတွေရှိ ခဲ့တယ်လို့ Freelance Attack Force အဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ ဖောက်ခွဲတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်သားတွေကို [ဆက်လက်ဖတ်ရှုရန်]