နိုင်ငံရေး

ကျောက်တံတားမြို့နယ် ကမ္ဘောဇ ဘဏ်ခွဲဓားပြတိုက်သူကို ဖမ်းမိ

ရန်ကုန်မြို့ ၊ကျောက်တံတားမြို့နယ်၊ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့် ဆိပ်ကမ်းသာလမ်းပေါ်က ကမ္ဘောဇဘဏ်ခွဲ အမှတ် ၃၅ကိုဝင်ရောက်ဓားပြတိုက်ခဲ့သူကို ဘဏ်လုံခြုံရေးဝန်ထမ်းတွေနဲ့အနီးဝန်းကျင်က ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိရှိသူတွေက DNAကို ပြောပါတယ်။   “ဘဏ်ဝန်ထမ်းတွေက အနောက်ကလိုက်ပြီး အော်တော့ အနားကလူတွေကလည်း ဝိုင်းလိုက်ပြီး ဖမ်းလိုက်တာ၊အခုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်နဲ့ ကျိုက်ထိုနဲ့မန္တလေးက စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ပစ်သတ်ခံရ

ရန်ကုန့်မြို့၊သာကေတမြို့နယ်၊၇/အနောက်ရပ်ကွက်က ရာအိမ်မှူးတဦးဖြစ်တဲ့ ဦးထွန်းဝင်းဆိုသူ ဒီကနေ့မနက်ပိုင်းက လမ်းပေါ်မှာ လမ်းလျှောက်နေချိန် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့သာကေတ မြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။ အရက်ဆိုင်ကွေ့ကားမှတ်တိုင်ဘက် လမ်းလျှောက်လာချိန်မှာအမည်မသိ သေနတ်သမားက အနောက်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့မျက်မြင်တချို့က ပြောပါတယ်။ရာအိမ်မှူးဦးထွန်းဝင်းဟာ သာကေတမြို့ နယ်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးရေသန့်စက်ရုံဂတ်စ်ယိုစိမ့်မှု​မှာဓါတ်ငွေ့ဘေးသင့်သူ သုံးဆယ်နီးပါးရှိပြီး ဆေးရုံတင်ပို့ထားရ

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၆ရပ်ကွက်၊တပ်မတော်ချည်မျှင်အရှေ့နဲ့ အုတ်ကျင်းဘူတာရုံလမ်းအနီးက မိုးရေသန့်စက်ရုံမှာ အမိုးနီးယာဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားတာကြောင့် အမိုးနီးယားဓါတ်ငွေ့ဘေးသင့်သူ သုံးဆယ်နီးပါးရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဓာတ်ငွေ့သင့်တဲ့သူတွေကတော့အများကြီးပေါ့၊ အဓိကက ဆေးရုံကိုပို့တာကျတော့ သက်ကြီးရွယ်အိုတွေကို ပိုဂရုစိုက်ရတာပေါ့၊ ၂၀ကျော် ၃၀နီးပါးရှိတယ်၊ ဒီမနက်တော့ ဆေးရုံပြန်ဆင်းကြမှာပါ”လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကားအငှားလိုက်ရင်း ပျောက်နေတဲ့ ရန်ကုန်က အငှားယာဥ်မောင်းသတ်ဖြတ်ခံထားရတဲ့အခြေအနေနဲ့ပြန်တွေ့

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့အငှား ယာဥ်မောင်းတဦးဟာမိသားစုနဲ့အဆက်အသွယ်ပြတ်နေရာကတရက်အကြာမှာ ကြိုးတုပ်ခံထားပြီး ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ရုပ်အလောင်းကို ပြန် တွေ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူက DNA ကို ပြောပါတယ်။ တောင်ဒဂုံမြို့နယ်၊သစ်ဆိပ်ရပ်ကွက်မှာနေထိုင်တဲ့ ကိုကျော်ထွန်းဟာ ဇန်နဝါရီ ၄ ရက်မှာ ကားအ ဌား လိုက်သွားရာက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု ရက်အကန့်အသတ်မရှိ ယာယီပိတ်

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်က မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရုံးချုပ်အပါအဝင် နိုင်ငံတဝှမ်းက နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးတွေကို ဒီကနေ့ ဇန်နဝါ ရီ(၂)ရက်ကစလို့ပိတ်ထားလိုက်ပြီး နိုင်ငံကူး လက်မှတ် ထုတ်ပေးမှုကိုလည်း ရက်အကန့်အသတ်မရှိယာယီ ပိတ်ထားလိုက်တယ်လို့ နိုင်ငံကူးလက်မှတ်သွားရောက်လုပ်ကိုင်သူတွေ၊ ရုံးဝန်ထမ်းတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ “ရုံးတွင်းမှာစာလည်းထုတ်ထားတယ်၊ယာယီပိတ်မယ်ဆိုတာကိုလည်း ကြေညာထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

“ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဆိုတဲ့ စာသားနဲ့ နိုက်ကလပ်နဲ့ဘားမှာ လူထုလှုံ့ဆော်မှုတခုပြုလုပ်

ရန်ကုန်မြို့ကလူအများစုသွားရောက်လေ့ရှိတဲ့ နိုက်ကလပ်နဲ့ဘားတွေမှာ ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဆိုတဲ့စာတမ်းနဲ့ လူထုကိုနှိုးဆော်တဲ့လှုပ်ရှားမှုတခုကို ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေက ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၂၃ရက်မှာထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းထားတာ ၂နှစ်နီးပါးရှိနေတဲ့အချိန်ထိ မြန်မာနိုင်ငံကပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆက်ပြီးတော်လှန်နေဆဲြဖစ်သလို တော်လှန်ရေးအင်အားစုတွေကလည်း တော်လှန်ရေးကိုအရှိန်မြင့်နေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကမာရွတ်မြို့နယ်စာရင်းစစ်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊အမှတ် ၁ရပ်ကွက်၊ဆီစက်လမ်းမှာရှိတဲ့ မြို့နယ်စာရင်းစစ်ရုံးကို ဒီကနေ့ မွန်းလွဲ ၁၂နာရီ ၄၅မိနစ်အချိန်က လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ​Freeland Attack Force (FLA)အဖွဲ့ရဲ့တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။ “လမ်းကြပ်တဲ့ကြားထဲကနေလုပ်ခဲ့ရတာ ကလေးတွေလည်း စိုးရိမ်စိတ်နည်းနည်းတော့ရှိ့ခဲ့တယ်။ခွေးစစ်တပ် လက်အောက်ခံဆိုရင်ဒေါက်တိုင်ပဲ ဒါကြောင့်ဖြိုတာပါ”လို့ Freeland [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်း၊ဝေဠုဝန်မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးသေ

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ဝေဠုဝန်မြောက်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်နဲ့အဖွဲ့ လက်ဘက် ရည်ဆိုင်ထိုင်နေချိန် ဒီကနေ့ ဒီဇင်ဘာ (၂၂)ရက်မနက်ပိုင်းမှာ ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးအပါအဝင်နှစ်ဦး သေပြီး တဦးဒဏ်ရာရသွားတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတွေက DNA ကိုပြောပါတယ်။   ရပ်ကွက်အုပ်ချုပ်ရေးမှူးဝေဖြိုးအောင်နဲ့အပေါင်းအပါတွေဟာ ဝေဠုဝန်(မြောက် )ရပ်ကွက်က စူပါလက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောပေါ်ဗုံးပေါက်ပြီး ခရီးသွားဆယ်ဦးထက်မနည်းထိခိုက်

ရန်ကုန်မြို့၊ ပန်းဆိုးတန်းကနေ ဒလဘက်ကို နေ့စဉ် ကူးသန်းသွားလာတဲ့ သင်္ဘောပေါ်မှာဒီကနေ့ဒီဇင်ဘာ ၁၈ရက်ညပိုင်းကပေါက်ကွဲမှုဖြစ်ခဲ့ပြီး ခရီးသွားပြည်သူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်ကိုသိသူတွေက DNA ကိုပြောပါတယ်။ “ချယ်ရီသင်္ဘောပေါ်မှာပေါက်တာ။ရန်ကုန်ဘက်အခြမ်းမှာပေါက်တာ။ လူထိခိုက်တာတော်တော်များတယ်။ ဒါပေမယ့် လူသေဆုံးတာမျိုးတော့မရှိဘူးလို့ သိရတယ်“လို့ ရန်ကုန်ကနေ ဒလဘက်ကိုသွားရောက်မယ့် ခရီးသွားပြည်သူတဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်္ဂလာဒုံလေတပ်စခန်းအတွင်းပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းအတွင်း ဒီနေ့ည ကိုးနရီဝန်းကျင်မှာပေါက်ကွဲမူတွေဆက်တိုက်ဖြစ်ခဲ့တယ်လို့ အဲဒီအနီးဝန်းကျင်မှာနေထိုင်သူတွေဆီကသိရပါတယ်။   ပေါက်ကွဲမူနဲ့အတူ လေတပ်စခန်းအတွင်းဘက်ကနေ မီးပွားတွေထွက်တာပါတွေ့မြင်ရပြီး အသံကလည်း ကျယ်လောင်တယ်လို့ဆိုပါတယ်။   “သေချာတယ် လေတပ်စခန်းထဲကပဲဖြစ်တာ၊သုံးချက်လောက်ဆက်တိုက်ကြားရတယ်၊အတော်ပြင်းတာ၊ ဒီနားကနေတဲ့သူတွေဆိုမီးပွားတွေလွင့်လာတာပါတွေ့ရတယ်ပြောတယ်”လို့ မင်္ဂလာဒုံမြို့နယ်မှာနေထိုင်သူ တဦးကပြောပါတယ်။   အဲဒီလေတပ်စခန်းအနီးရပ်ကွက်မှာနေထိုင်သူနောက်ထပ်တစ်ဦးကလည်း ပေါက်ကွဲမှုဖြစ်ပြီးနောက် [ဆက်လက်ဖတ်ရှုရန်]