ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ခင်ရန်းကထွက်ပြေးလာသူတွေကိုကယ်ထုတ်ရင်း YPDFတပ်ဖွဲ့ဝင်တဖွဲ့မိုင်းထိ၊ခြေတဖက်ဆုံးရှုံး

ဖေဖော်ဝါရီ ၊ ၁၇ မကွေးတိုင်း ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေ ကို ကယ်ထုတ်ရင်းယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က အခြားအဆင့်အရာရှိတဦး မိုင်းထိလို့ ခြေတဖက်ဆုံးရှုံးသွားတယ်လို့ အဲဒီအဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဌ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဖြစ်ပြီးနောက် တောင်ခင်ရန်းရွာကပြည်သူတထောင်ဝန်းကျင်နေရပ် စွန့်ခွာတိမ်းရှောင်နေ

မေ၊ ၂၉ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ် ၊ တောင်ခင်ရန်းရွာရဲစခန်းမှာအခြေချတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲ တွေက ရွာခံတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ခဲ့ပြီးနောက်တပတ်အတွင်းမှာ အဲ့ဒီရွာက ဒေသခံ တထောင်ဝန်း ကျင်လောက် နေရပ်စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “ပြီးခဲ့တဲ့နှစ်ရက်သုံးရက်က အများဆုံးရှောင်ကြတယ်၊အများစုကတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယောဒေသမှာ ချောင်းရေကြောင့် စစ်ရှောင်တွေရဲ့ရိက္ခာတွေမျောပါ

မေ၊ ၁၄ မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းနဲ့ကျောက်ထုနယ်မှာ ယောချောင်းရေကြီးတာကြောင့် စစ်ရှောင်တွေရဲ့ ရိက္ခာဆန်အိတ်တွေမျောပါပြီး ယောချောင်းကိုဖြတ်ကူးတဲ့ကျောက်ထုနယ် လက်ပန်းရွာတံတားလည်းကျိုးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မိုးကရွာတာနှစ်ရက်ရှိပြီ။ ဒီလောက်မိုးဦးရွာတာတသက်မကြုံဖူးဘူး။ ယောချောင်းက ကမ်းလုံးပြည့်။ ချောင်းဘေးမှာနေတဲ့သူတွေရဲ့ရိက္ခာတွေမျောကြတယ်။ တချို့ကလည်း စစ်ကြောင်းကြောက်လို့ဖွက်ထားတဲ့ရိက္ခာတွေ ချောင်းနားနီးတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယောဒေသမှာ တလအတွင်း တိုက်ပွဲဆယ်ကြိမ်ထက်မနည်းဖြစ်

ဖေဖော်ဝါရီ၊ ၂၈ မကွေးတိုင်း၊ယောဒေသ၊ ဂန့်ဂေါ၊ကျောက်ထု၊ ထီးလင်းစတဲ့မြို့နယ်တွေမှာ ဖေဖေါ်ဝါရီလအတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဆယ်ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေဆီကသိရပါတယ်။  “တိုက်ပွဲတွေကဖြစ်နေတာပဲ၊တော်တော်တန်တန်တော့မထုတ်ပြန်ကြတော့ဘူး၊ ဟိုတလောကပဲ လယ်ကြီး ဘက် မှာ စနိုက်ဘာနဲ့ပစ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယောဒေသစစ်ရှောင်စခန်းတွေမှာ ရေရှားပြီး ဝမ်းရောဂါဖြစ်နေ

မကွေးတိုင်းဒေသကြီး ဖြစ်တဲ့ ဂန့်ဂေါ၊ကျောက်ထု၊ ထီးလင်း မြို့နယ်မှာရှိတဲ့ စစ်ယောဒေသဘေးရှောင်စခန်းတွေမှာ ရေရှားပါးမူနဲ့စတင်ကြုံတွေ့ရပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” ရေက မိုးတုန်းကသဲပြင်အောက်မှာကျန်ခဲ့တဲ့ ရေကျန်တွေပဲရှိတော့တာ။ စိမ့်စမ်းရေမဟုတ်တော့ မကြာခင်ခမ်းမှာပဲ။ ဂန့်ဂေါမြို့နယ် အရှေ့တောင်၊အနောက်တောင်စခန်းတွေအကုန် ရေရှားလာတာပဲ” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တဲ့ CNA/CNF ရဲဘော်တွေအတွက် ယောဒေသမှာဆုတောင်းပွဲ ပြုလုပ်

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မူကြောင့် ကျဆုံးခဲ့ရတဲ့ CNA/CNF ရဲဘော်တွေအတွက် ယောဒေသ၊ဆောမြို့နယ်မှာ မနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတရပ်တွေက ချင်းအမျိုးသားတပ်ဦး ဌာနချုပ်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် CNA/CNF ရဲဘော်ငါးဦးကျဆုံးပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆောနဲ့ ကျောက်ထုက လူငယ်အဖွဲ့ရဲ့ စခန်းအမှတ်(၂) မီးရှို့ဖျက်ဆီးခံရ

ယောဒေသက၊ The Youth Force (Saw&Kyaukhtu)ရဲ့ စခန်း (၂) ကို စက်တင်ဘာလ (၁၀) ရက် ညနေ (၃) နာရီဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတယ်လို့ The Youth Force တာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် အင်အားဖြည့်နေ

ဇွန်လ ၆ ရက်နေ့၊ ညနေမှာ စစ်သား၊ ရဲ၊ ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ ခန့်ဟာ တောင်ခင်ရန်းရွာ ရဲစခန်းမှာ ညအိပ်ပြီး ဒီနေ့ ၇ ရက်နေ့မှာတော့ တောင်ဘက်နှမ်းခါးရွာကို ချီတက်သွားပြီလို့ ဒေသခံတစ်ဦးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စခန်းတက်သိမ်းတဲ့စစ်တပ် PDF ထောင်ထားတဲ့ မိုင်းထိပြီးအလောင်း ၈ လောင်းထမ်း ပြန်ဆင်းလာ

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေရာကို တက်သိမ်းတဲ့ အကြမ်းဖက်စစ်တပ်ဟာ PDF ထောင်ထားတဲ့ ဆုတ်မိုင်းထိပြီး စခန်းကုန်းကနေ အလောင်း ၈ လောင်းထမ်းပြန်ဆင်းလာကြောင်း သိရပါတယ်။ ဇွန် ၄ ရက်နေ့ မနက်ပိုင်းက စစ်သား ၇၀ လောက်ပါတဲ့ ရှေ့ပြေးအဖွဲ့ဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယောဒေသကို လေကြောင်းစစ်ဆင်ရေး ပိုမိုပြုလုပ်လာ

ယောဒေသကို အကြမ်းဖက်စစ်တပ်က လေကြောင်းစစ်ဆင်ရေး ပိုမိုပြုလုပ်လာတာကြောင့် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ သတိရှိကြဖို့ ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု (YRPA) က သတိပေးလိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ယောဒေသကို မြေပြင်ထိန်းချုပ်နိုင်မှု အလွန်နည်းပါးတာကြောင့် လေကြောင်း ထိုးစစ်ဆင်တာ ပိုမိုပြုလုပ်လာတာလို့ ဆိုပါတယ်။ မေ [ဆက်လက်ဖတ်ရှုရန်]