ဒေသအလိုက် သတင်းကဏ္ဍ

ကနီနဲ့ယင်းမာပင်မှာ MPTဖုန်းလိုင်းတွေ အမြန်ပြန်ဖွင့်ပေးဖို့ PDFသတိပေး

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ကနီမြို့နဲ့ ယင်းမာပင်မြို့တွေမှာ တစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်ပေးဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်လိုက်ပါတယ်။ ကနီနဲ့ယင်းမာပင်မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက MPTဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတာဟာ တစ်လကျော်အထိ ရှိသွားပြီဖြစ်ပြီး တစ်ပတ်အတွင်း အမြန်ဆုံးမဖွင့်လှစ်ပေးပါက တာဝါတိုင်တွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်နဲ့ပုလဲကရဲတွေ ပြည်သူကို ခြိမ်းခြောက်မှုမျိုးစုံနဲ့ ငွေညှစ်နေလို့ပြော

၂၂၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နဲ့ပုလဲမြို့က နယ်မြေခံရဲတွေဟာ ဧည့်စာရင်းအပါအဝင် ပြည်သူကိုခြိမ်းခြောက် မှုမျိုးစုံနဲ့ ငွေညှစ်နေကြတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့အချို့ရဲ့သတင်းပေးပို့မှုတွေအရ နယ်မြေခံရဲတွေကို မြို့နဲ့၅မိုင်ပတ်လည်အတွင်းကရွာတွေအထိ လုံခြုံ ရေး တာဝန်ယူခိုင်းထားပြီး ၅မိုင်ပတ်လည်ရဲ့အပြင်ဘက်ဧရိယာကို စစ်တပ်က တာဝန်ယူတယ်လို့ ယင်းမာပင်မြို့နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုးစစ်သတင်းကြောင့် ယင်းမာပင်ပြည်သူတွေ သတိရှိကြဖို့ PDF ပြော

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုဟာ အောက်တိုဘာ၁၅ရက်နေ့မှာ ထိုးစစ်ဆင်မယ်လို့ သတင်းရရှိထားတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ စစ်ကိုင်းတိုင်း၊ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့ထုတ်ပြန်လိုက် ပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုစခန်းချရာနေရာအနီးနဲ့ လမ်းဘေးဝဲယာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ ဘေး လွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ‘၁၅ရက်နေ့ဆိုတာ ကျွန်တော်တို့လည်းသတင်းကြားပါတယ်။သတိရှိဖို့လည်းလိုပါတယ်။အခုလောလော [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်နဲ့ပုလဲမှာ စစ်ကားတွေ မိုင်းထိ

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ပုလဲမြို့နယ်တို့မှာ ဒီနေ့မနက်ပိုင်းက စစ်ကားတွေမိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့  သိရပါတယ်။ ဒီနေ့မနက်ပိုင်း ၈နာရီ၁၅မိနစ်လောက်မှာ မုံရွာနဲ့ပုလဲကြား ယင်းမာပင်မြို့နယ်အတွင်း မိုင်တိုင်၁၄-၁၅ကြားမှာ ပုလဲမြို့ကနေထွက်လာတဲ့ စစ်ကားကြီး၃စီးနဲ့ စစ်သားတွေတင်လာတဲ့ အရပ်ကားလေး၂စီးတို့ဟာ အတွဲလိုက် ပေါက်ကွဲတဲ့ ပဒေသာမိုင်းထိမှန်ခဲ့တယ်လို့ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပေကပြောပါတယ်။ အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်ရဲစခန်းက တပ်ကြပ်ကြီးတစ်ဦး လက်နက်နဲ့ထွက်ပြေးလာပြီး PDFနဲ့ပူးပေါင်း

၂၀ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ ယင်းမာပင်မြို့နယ် မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်သူ မောင်သံဟာ ဩဂုတ်လ ၂၀ရက်နေ့ နံနက် ၃နာရီခန့်က စခန်းကနေ လက်နက်နဲ့တကွ ထွက်ပြေးလာပြီး ယင်းမာပင် PDFနဲ့ ပူးပေါင်းခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]