နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရက်ပေါင်းခြောက်ရာကျော်လာပြီဖြစ်တဲ့ ယင်းမာပင်ဆားလင်ကြီး ကျေးရွာပေါင်းစုံသပိတ်

စစ်ကောင်စီရဲ စစ်ကြောင်းထိုးမှုတွေနဲ့ နေအိမ်မီးရှို့မှုတွေကြားက စစ်ကိုင်းတိုင်းထဲက ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ရက်ပေါင်း ၆၄၆ ရက်မြောက်အထိ စစ်အာဏာရှင်ကို တော်လှန်ကြောင်း ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၈ နေ့မှာလည်း “တရားမဝင် အတုယောင် ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ’’ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်နဲ့ပုလဲမြို့ အစပ် ရင်ပေါင်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် လေကြောင်း က ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ ပုလဲမြို့ အစပ် က ရင်ပေါင်တိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒီကနေ့ မနက် ပိုင်းမှာ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ပြီး ရွာအတွင်းစီးနင်း တပ်စွဲထားတယ်လို့ ယင်းမာပင်မြို့နယ် သတင်း မှန်ပြန်ကြားရေး အဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင် လူသတ်မှုကျူးလွန်သူတွေကို လက်နက်ဖြုတ်သိမ်းပြီး ရုံးတင်စစ်ဆေးနိုင်ဖို့လုပ်နေတယ်လို့ NUG ဆို

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ မသင်္ကာမှုနဲ့ ရန်ငြှိုးရန်စတွေကို အခြေခံပြီး လူဆယ်ဦးသတ်ဖြတ်ခဲ့တဲ့ ပြစ်မှု ကျူးလွန်သူတွေကို လက်နက်ဖြုတ်သိမ်းပြီး ရုံးတင်စစ်ဆေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ NUG ကာ ကွယ်ရေး ဝန် ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် NUG အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မှာ လူထုနဲ့ချီတက် ဆန္ဒပြပြီး နိုင်ငံရေး တရားဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း ယင်းမာပင် အနောက်ပိုင်း ကျေးရွာ တစ်ရွာမှာ ဒီနေ့မနက် ဇူလိုင်လ ၁၅ရက်နေ့က “သွေးကြွေးမှာဆွေးနွေးစရာမရှိ” စာသား ကိုင်ဆောင်ပြီး လူထုချီတက်ဆန္ဒပြခဲ့ပြီး နိုင်ငံရေး တရား ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မှာ ❝ငါတို့အားလုံး အကျဥ်းသား၊ အာဏာရှင် ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓား❞ စာသား ကိုင်ဆောင်ချီတက်

စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဆားလင်းကြီး ဒီနေ့ဇွန်လ ၂၁ ရက်နေ့မှာ ❝ငါတို့အားလုံးအကျဥ်းသား အာဏာရှင် ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓား❞ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ယင်းမာပင်၊ ဆားလင်းကြီးနယ် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ပြည်သူတွေရဲ့ (၄၆၇) ရက်မြောက်အဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်၊ ကျေးစာကျရွာကို စစ်တပ် ဝင်ရောက်မီးရှို့

ဒီနေ့မွန်းလွဲ ၁နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က ယင်းမာပင်မြို့နယ်၊ယမားတံတား မြောက်ဘက် ကျေးစာကျရွာကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်စစ်တပ်ယူနီဖောင်းဝတ်ထားသူ ၂၅ ဦးတို့ ကျေးစာကျရွာထဲ ရောက်ရှိလာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်းအလောင်းတော်ကဿပနယ်မြေသတင်းက ထုတ်ပြန်ပါတယ်။ ယင်းမာပင်မြို့၊(ခ)ရပ်ကွက်နေပြည်သူတစ်ဦးက ‘အိမ်ဘယ်နှလုံး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မှာ”စစ်ကျွန်ပညာရေး သပိတ်မှောက် ဖက်ဒရယ် ဆီကို ဦးတည်လျှောက်” စာသားကိုင် ဆွဲချီတက်

ဒီနေ့ဇွန်လ ၄ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာအတွင်း”စစ်ကျွန်ပညာရေး သပိတ်မှောက် ဖက်ဒရယ် ဆီကို ဦးတည်လျှောက်”စာသားကိုင်ဆွဲချီတက်ခဲ့ကြပါတယ်။ အဆိုပါသပိတ်စစ်ကြောင်းကို စုန်းချောင်းကျေးရွာနေပြည်သူတွေနဲ့အတူမုံရွာကျောင်းသားသမဂ္ဂ အဖွဲ့မှပူပေါင်း ပါဝင်အားဖြည့်ပြီး ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ကြတာပါ။ Photo-ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မှာ ၂ ရက်အတွင်း စစ်အုပ်စုက ကျေးရွာပေါင်း ၂၀ နီးပါးကို မီးရှို့ဖျက်ဆီး

နှစ်ရက်အတွင်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၂၀ နီးပါးကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။ မေလ ၂၄ ရက်နေ့နဲ့ ၂၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်၊မိုးကောင်းမှာ ညတိုက်ပွဲ ဆင်နွှဲ

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊မိုးကောင်းရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အမျိုးသားတော်လှန်ရေးပြောက်ကျားတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ မိုးကောင်းကျေးရွာမှာ အကြမ်းဖက်စစ်အင်အား၁၀၀ဝန်းကျင်ရှိပြီး မေ၂၂ရက်နေ့ ည၇နာရီကနေ၈နာရီအထိ ရှော့တိုက်ဒုံး၊လက်နက်ကြီး၊လက်နက်ငယ်တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အကြမ်းဖက်စစ် တပ်ဘက်ကသေဆုံးထိခိုက်မှုရှိပေမဲ့ အရေအတွက်ကို မသိရှိရသေးဘူးလို့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲကို အမျိုးသားတော်လှန်ရေးပြောက်ကျားတပ်ရင်းနဲ့အတူ [ဆက်လက်ဖတ်ရှုရန်]