ယင်းမာပင်မှာ ❝ငါတို့အားလုံး အကျဥ်းသား၊ အာဏာရှင် ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓား❞ စာသား ကိုင်ဆောင်ချီတက်

စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဆားလင်းကြီး ဒီနေ့ဇွန်လ ၂၁ ရက်နေ့မှာ ❝ငါတို့အားလုံးအကျဥ်းသား အာဏာရှင် ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓား❞ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ယင်းမာပင်၊ ဆားလင်းကြီးနယ် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ပြည်သူတွေရဲ့ (၄၆၇) ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြခဲ့တာပါ။ ယင်းမာပင်၊ ဆားလင်းကြီးနယ် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ပြည်သူတွေဟာ ဆုတောင်းသပိတ်အနေနဲ့ ကျဆုံးရဲဘော်တွေနဲ့ အကျဥ်းကျရဲဘော်တွေအတွက် ဆုမွန်ကောင်းများလည်း တောင်းခဲ့တယ်လို့ဆိုပါတယ်။
အချို့သောကျေးရွာတွေမှာအကြမ်းဖက်စစ်အုပ်စုကမီးရှို့ဖျက်ဆီးမှု၊ဖမ်းဆီးမှုတွေနဲ့အတူဝင်ရောက်စီးနင်းမီးရမှုတွေပြုလုပ်နေတာဒေသခံတွေဟာဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ထွက်ပြေးတိမ်းရှောင် နေတဲ့ ကြားကချီတက်ဆန္ဒပြမှုတွေမပျက်ပြုလုပ်နေတာပါ။
Photo-ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ