နိုင်ငံတကာရေးရာ

နှစ်သစ်မှာ နျူကလီးယား လက်နက်တိုက် ဆက်ချဲ့မယ်လို့ ကင်ဂျုံအန်းပြော

မြောက်ကိုရီးယားဟာ ပိုမိုကြီးမားတဲ့ နျူကလီးယား လက်နက်တိုက်မျိုး ပိုင်ဆိုင်ဖို့ ၂၀၂၃ ခုနှစ် တလျှောက်လုံး မမှိတ်မသုန် ကြိုးစားသွားမယ်လို့ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက နှစ်သစ်ကူး ကာလမှာ ပြောကြားသွားခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက်က မိန့်ခွန်းမှာ ကင်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဒုံးကျည်တွေ ပစ်ခတ်ရင်း နှစ်ဟောင်းကို လက်ပြ နှုတ်ဆက်သွားတဲ့ မြောက်ကိုရီးယား 

မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်ကို ဒုံးကျည်တွေ ပစ်ခတ်ပြီး လက်ပြ နှုတ်ဆက်လိုက်ကြောင်း သိရပါတယ်။  ဒီဇင်ဘာ ၃၁ ရက်မှာ မြောက်ကိုရီးယား စစ်တပ်ဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဖက်က ပင်လယ်ပြင်ထဲကို တာတိုပစ် ဒုံးကျည် ၃ စင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စစ်ရေးနဲ့ စီးပွားရေး မူဝါဒတွေ အောင်မြင်ခဲ့တယ်လို့ ကင်ဂျုံအန်း ကြွေးကြော်

မြောက်ကိုရီးယားဟာ စီးပွားရေးနဲ့ စစ်ရေး မူဝါဒတွေမှာ အကြီးအကျယ် အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ အာဏာရ ပါတီရဲ့ နှစ်ပတ်လည် ညီလာခံမှာ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ကြွေးကြော်သွားခဲ့ပါတယ်။   ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း မြောက်ကိုရီးယား အစိုးရဟာ မူဝါဒရေးရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နယ်ကျော်လာတဲ့ မြောက်ကိုရီးယား ဒရုန်းတွေကြောင့် တောင်ကိုရီးယား လေတပ် အရေးပေါ် တုံ့ပြန်

မြောက်ကိုရီးယားရဲ့ ဒရုန်းတွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့အတွက် တောင်ကိုရီးယား လေတပ်က တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ စေလွှတ်ပြီး အရေးပေါ် တုံ့ပြန်ခဲ့ရကြောင်း သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက်မှာ မြောက်ပိုင်းနယ်စပ်ကို ကျော်လွန်ပြီး မြောက်ကိုရီးယားရဲ့ ဒရုန်း ၅ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားကို လက်နက်ရောင်းနေကြောင်း သတင်းတွေကို မြောက်ကိုရီးယား ငြင်းဆို

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို လက်နက်ခဲယမ်းတွေ ထောက်ပံ့ ရောင်းချပေးနေကြောင်း သတင်းတွေကို မြောက်ကိုရီးယား အစိုးရက ပယ်ချသွားခဲ့ပါတယ်။   မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီသတင်းတွေဟာ အခြေအမြစ် လုံးဝမရှိဘူးလို့ ဒီဇင်ဘာ ၂၄ ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တောင်ကိုရီးယားနဲ့ နယ်စပ်ရေပြင်နားကို မြောက်ကိုရီးယား လက်နက်ကြီးတွေနဲ့ ပစ်ခတ်

တောင်ကိုရီးယားနဲ့ ရေပိုင်နက် ထိစပ်နေရာ ပင်လယ်ပြင် တဝိုက်ကို မြောက်ကိုရီးယားက လက်နက်ကြီး အချက်ရေ ၁၃၀ လောက် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။   ဒီဇင်ဘာ ၅ ရက်က ပင်လယ်ပြင်ကို လက်နက်ကြီး ကျည်ဆန်တွေ အမြောက်အမြား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး နျူကလီးယား စစ်တပ်မျိုး ပိုင်ဆိုင်ဖို့ ကင်ဂျုံအန်း ရည်မှန်း 

မြောက်ကိုရီးယားကို ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နျူကလီးယား လက်နက် စွမ်းရည်မျိုး ပိုင်ဆိုင်လာစေဖို့ ရည်မှန်းထားကြောင်း နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။  မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနရဲ့ နိုဝင်ဘာ ၂၇ ရက် ဖော်ပြချက်အရ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆယ်ယူရရှိလာတဲ့ မြောက်ကိုရီးယား ဒုံးကျည်ဟာ ခေတ်မမီတဲ့ အမျိုးအစားလို့ တောင်ကိုရီးယားဆို  

မြောက်ကိုရီးယားက စမ်းသပ် ပစ်ခတ်ခဲ့တဲ့ တာတို ပဲ့ထိန်းဒုံး တစ်စင်းရဲ့ အစိတ်အပိုင်းတွေကို ပင်လယ်ကြမ်းပြင်အောက်ကနေ ဆယ်ယူရရှိခဲ့ကြောင်း တောင်ကိုရီးယား ရေတပ်က အတည်ပြုပါတယ်။  ကနဦး လေ့လာမှုတွေအရ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ လောင်စာ အရည်ကို အသုံးပြုပြီး ခေတ်မမီတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားကို စစ်လက်နက် ထောက်ပံ့နေကြောင်း အမေရိကန် စွပ်စွဲချက်ကို မြောက်ကိုရီးယား ငြင်းဆို 

ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့ ပေးပို့နေကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်ကို မြောက်ကိုရီးယားက တင်းတင်းမာမာ တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။  မြောက်ကိုရီးယားဟာ ရုရှားက ယူကရိန်းကို တိုက်ခိုက်ဖို့ စစ်လက်နက်တွေ ထောက်ပံ့နေပါတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ဟာ လုံးဝ အခြေအမြစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယား စစ်လေယာဉ် နှစ်ရာနီးပါး နယ်စပ်နားကပ်လာလို့ တောင်ကိုရီးယား လေတပ်တုံ့ပြန် 

နယ်စပ်နားကို မြောက်ကိုရီးယား စစ်လေယာဉ် အစီးနှစ်ရာနီးပါးလောက် တအုပ်တမကြီး ပျံသန်းလာတဲ့အတွက် တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေပြီး ကာကွယ်ရေးအတွက် ပြင်ဆင်စေခဲ့ရကြောင်း တောင်ကိုရီးယားက ကြေညာပါတယ်။  နိုဝင်ဘာ ၄ ရက်က နှစ်နိုင်ငံ နယ်စပ်မျဉ်းနား မလှမ်းမကမ်းထိ မြောက်ကိုရီးယားရဲ့ [ဆက်လက်ဖတ်ရှုရန်]