နိုင်ငံရေး

မန္တလေးသူရိယဆေးခန်းပိုင်ရှင် ဆရာဝန်မောင်နှမကို စစ်တပ်ကထောင်အနှစ် နှစ်ဆယ်ကျော်ချ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ထဲက သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာ အောင်အောင်ထွန်း နဲ့အစ်ဖြစ်သူ မဟေမာဦးတို့ မောင်နှမကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခဲ့တယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက အတည်ပြုပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မဟာအောင်မြေမှာ တပ်ကြပ်ကြီးတစ်ဦး အပစ်ခံရ

ဒီနေ့မနက် ၇နာရီခွဲလောက်မှာ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်ကြပ်ကြီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ Generation Z Power-GZP (Mandalay) က ထုတ်ပြန်ပါတယ်။ ရန်ကုန်ကနေပြန်လာတဲ့ တပ်ကြပ်ကြီးမျိုးထွေးဆိုသူကို မဟာအောင်မြေမြို့နယ်၊သံလျက်မှော်အနောက်၊ အောင်ချမ်းသာရပ်ကွက်မှာ ကျည်ဆန်၅တောင့်နဲ့ ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ စစ်အုပ်စုပိုင် ရတနာပုံခန်းမအနီး ဗုံးပေါက်

၂၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၈လမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် ရတနာပုံခန်းမအနီးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၅ရက်နေ့ မနက် ၇နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရောက်ရှိနေတဲ့ အမျိုးသမီးတစ်ဦး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ ကျူးကျော်တွေကိုရှင်းလင်းနေတဲ့ စစ်အုပ်စု ဖောက်ခွဲတိုက်ခိုက်ခံရ

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဧရာဝတီမြစ်ကမ်းနားလမ်း၊ ကုန်စိမ်းစျေးနဲ့ ပေါ်တော်မူဘုရားကြား လေးကျွန်းမာန်အောင်ဘုရားနားမှာရှိတဲ့ ကျူးကျော်တွေကို အင်အားသုံးဖယ်ရှားနေတဲ့ စစ်အုပ်စု ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၇ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ [ဆက်လက်ဖတ်ရှုရန်]