ဒေသအလိုက် သတင်းကဏ္ဍ

မြင်းခြံမြို့မှာ ရေတွင်းဆယ်ရာက အောက်စီဂျင်ပြတ်လို့ သားအဖ နှစ်ဦး သေဆုံး

ဇွန်၊ ၅ မန္တလေးတိုင်း၊မြင်းခြံမြို့မှာ ဒီကနေ့ မနက်ပိုင်းက ရေတွင်းဆင်းဆယ်တဲ့ သားအဖနှစ်ဦး အောက်ဆီဂျင်ပြတ်ပြီး သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြို့ခံပရဟိတအသင်းနဲ့မီးသတ်တပ်ဖွဲ့တို့ဆီကသိရပါတယ်။ “ရေတွင်းက လူတကိုယ်စာ ကျဉ်းကျဉ်းလေး၊အမှိုက်ဆယ်ပြီး အပေါက်တွေတွေ့လို့ အင်္ဂတေနဲ့ဖာနေတာ၊ သူ့သား က အပေါ်ကနေ လိုအပ်တာလုပ်ပေးနေချိန် အချိန်ကြာတဲ့အထိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငါန်းဇွန်က ပီဒီအက်ဖ်စခန်း စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေဆုံးရှုံး

မေ၊ ၂၆ မန္တလေးတိုင်း ၊ငါန်းဇွန်မြို့နယ်ရှိ ပီဒီအက်ဖ်စခန်းကို စစ်ကောင်စီတပ်တွေက မေလ၂၆ရက်ဒီကနေ့မနက်ငါးနာရီ ဝန်းကျင်မှာဝင်ရောက်စီးနင်းတိုက်ခိုက်လို့ ကျပ်သိန်း၁၅၀တန်ဖိုးရှိလက်နက်ခဲယမ်းတွေဆုံးရှုံးခဲ့ပါတယ်။ “မနက်ပိုင်းဆိုတော့အိပ်နေတဲ့အချိန်လည်းဖြစ်တော့အလစ်အငိုက်အတိုက်ခံရတာ”လို့YGCRအဖွဲ့တာဝန်ရှိသူကဆိုပါတယ်။ စစ်ကောင်စီအင်အား ၅၀ ကျော်ဟာ တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့Youth Guerrilla Counter Revolution (YGCR)အဖွဲ့ကိုဝင်ရောက်စီးနှင်းခံတာဖြစ်တယ်လို့ အဲ့ဒီတပ်ဖွဲ့တာဝန်ရှိသူ တဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုပ္ပါးတောင်ကလပ်နားက တရုတ်ပိုက်လိုင်းစောင့်တဲ့ စစ်အုပ်စုရဲတွေ တိုက်ခိုက်ခံရလို့ လေးဦးသေ

မေ၊ ၂၁ မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ်နားက ရွှေဖီတိုင်ကျေးရွာနားရှိ တရုတ်ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်တဲ့ စစ်အုပ်စုရဲတွေ ဒီကနေ့ မနက်အစောပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့လို့ လေးဦးသေဆုံးသွားတယ်လို့ အဲဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ မြင်းခြံ 22 Gurilla Force အဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေး ဒီချုပ်ပါတီတိုင်းရုံး ထပ်ဖျက်ဆီးခံရပြန်

မေ ၊ ၇ မန္တလေးတိုင်း ၊ချမ်းအေးသာစံမြို့နယ် ၊၆၂လမ်း၊၃၃လမ်းနဲ့ ၃၄ လမ်းကြားရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မန္တလေးတိုင်းရုံးကို စစ်အုပ်စုနဲ့ သူတို့ကိုထောက်ခံသူတွေက ထပ်မံဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း အတင်းအရင်းအမြစ်တွေကဆိုကြပါတယ်။ ဒီလ မေလ ၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စဉ့်ကူး၊ထုံးကြီးရွာက ညောင်ရေသွန်းပွဲနဲ့ ညတရားပွဲ စခန်းမှူးက ဖျက်သိမ်းခိုင်းလို့ပွဲပျက်

မေ၊ ၄ မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်ထဲက၊ထုံးကြီးရွာမှာမနေ့ကပြုလုပ်ဖို့စီစဥ်နေတဲ့ကဆုန်လပြည့်နေ့ညောင်ရေသွန်းပွဲနဲ့ညတရားသဘင်ပွဲကိုစစ်ကောင်စီလက်အောက်ခံရဲစခန်းမှူးနဲ့ပျူစောထီးခေါင်းဆောင်တွေကလာရောက်တားမြစ်တာကြောင့် ပွဲပျက်ခဲ့ရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။  မနေ့ကထုံကြီးရွာဦးစေတီမှာပြုလုပ်မယ့် ကဆုန်ညောင်ရည်သွန်းပွဲနဲ့ ညတရားပွဲအစီအစဥ်ကို လူစုလူ ဝေးဖြစ် တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ထုံးကြီးရဲစခန်းကစခန်းမှူး၊တောင်အင်းရွာ၊ရေတော်ရွာတို့ကပျူစောထီးခေါင်းဆောင်တွေလာရောက်ပြီး မလုပ်ဖို့တားမြစ်ခဲ့တာလို့ဆိုပါတယ်။ “မနေ့ကပွဲကတော့ပျက်သွားတာပေါ့၊အကုန်စီစဥ်ပြီးမှ၊မနက်ပိုင်းရောက်ချလာတာရွာကအကျိုးတော်ဆောင်တွေဆီတိုက်ရိုက်လာပြောတာပေါ့၊အကြောင်းပြချက်ကတော့လူစုလူဝေးဖြစ်မယ်ဘာညာပေါ့၊စခန်းမှူး သောင်းထိုက်ဦးပါတယ်၊တောင်အင်းနဲ့ရေတော်ရွာကပျူစောထီးခေါင်းဆောင်နှစ်ယောက်ပါတယ်”လို့ဒေသခံတဦးက DNA ကိုပြောပါတယ်။ ဒါပေမယ်အအခုလိုပိတ်ပင်တာဟာသူတို့စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်လာမှာကိုစိုးရိမ်နေတာနဲ့ဆက်နွယ်နေတယ်လို့လည်းဒေသခံတွေကယူဆကြပါတယ်။  “အကြောင်းပြချက်မရှိဘူး၊သက်သက်ကိုပိတ်ပင်တာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ဖမ်းသွားတဲ့ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းတနှစ်နီးပါးအထိ အစနပျောက်နေလို့ အသက်အန္တရာယ်စိုးရိမ်နေ

ဧပြီ၊ ၁၈ မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်အတွင်းပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊မေလ ၇ ရက်ကဖမ်းဆီးခံခဲ့ရတဲ့ မလှိုင်မြို့ နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းဟာ တနှစ်ဝန်းကျင်အကြာ ဒီကနေ့ အထိမိသားစုနဲ့အဆက် အသွယ်မရဘဲ အစပျောက်နေလို့ အသက်အန္တရာယ်ကိုစိုးရိမ်နေကြတယ်လို့ နီးစပ်သူတွေကပြောပါတယ်။  “နိုင်ငံရေး အကျဉ်းသားတဦးဖြစ်တဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးတိုင်း တရားလွှတ်တော်ဒုညွန်မှူးအသတ်ခံရပြီး နေအိမ်လည်းမီးရှို့ခံရ

ဧပြီ၊ ၁၁ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးဒေါ်လေးကြည်နဲ့ သူရဲ့ အိမ်အကူအမျိုး သမီး တဦး ဒီကနေ့ မနက်ပိုင်းက နေအိမ်မှာသတ်ဖြတ်ခံထားရသလို နေအိမ်လည်းမီးရှို့ဖျက်ဆီးခံထားရတယ်လို့ စစ် အုပ်စုနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။ ချမ်းအေးသာစံမြို့နယ် ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးတိုင်း စစ်ကောင်စီရဲ့ တိုင်းအစိုးရ ရုံးထိုင်တဲ့နေရာ အနီးဗုံးလေးလုံးကွဲ

မတ် ၊ ၂၄ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တိုင်းအစိုးရ ရုံးထိုင်နေတဲ့နေရာအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက အတည်ပြုပြောဆိုပါတယ်။ ဒီကနေ့ မတ်လ ၂၄ ရက်၊ နေ့ခင်း [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

နွားထိုးကြီးမြို့မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်မှုကြောင့် ဒုမြို့နယ်မှူး အပါအဝင် နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

မတ်၊ ၁၄ မန္တလေးတိုင်း ၊နွားထိုးကြီးမြို့နယ်ရှိ အထွေထွေ အုပ်ချူပ်ရေးမှူးရုံး၊လျှပ်စစ်ရုံးနဲ့ မြို့တော်ခန်းမသုံးနေရာကိုဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုတွင် ဒုမြို့နယ်မှူး အပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်အုပ်စုနီးစပ်နီးစပ်သူတွေကပြောပါတယ်။ မနေ့က မတ်လ ၁၃ ရက်၊မနက် ၁၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေစာရံဘုရားပွဲက ပြန်လာတဲ့ ကားတစီး ပစ်ခတ်ခံရလို့ ကလေးငယ်တဦးအပါအဝင်သုံးဦးသေဆုံ

မတ်၊ ၈   မန္တလေးတိုင်း၊မြင်းခြံ- နွားထိုးကြီးသွားကားလမ်းမပေါ်မှာ ကားတစီးပစ်ခတ်ခံခဲ့ရတာကြောင့် ကားပေါ်မှာပါလာတဲ့ ကလေးငယ်တဦးအပါအဝင် သုံးဦးသေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေနဲ့ စစ်လော်ဘီတွေက ဆိုထားပါတယ်။   မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ် ရွှေစာရံဘုရားပွဲကို သွားရောက်လည်ပတ်ခဲ့ပြီး ပြန်လာတဲ့ အိမ်စီးကားတစီး မနေ့က [ဆက်လက်ဖတ်ရှုရန်]