ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူမြို့မှာ လျှပ်စစ်တာဝါတိုင်တွေကျိုးပြီးမီးပြတ်လို့ဖုန်းတလုံး ကျပ်သုံးရာပေးအားသွင်းနေရ

မတ်၊ ၁၆ မကွေးတိုင်း ၊ ပခုက္ကူမြို့မှာ မိုခါမုန်တိုင်းတိုက်ခိုက်မှုအရှိန်ကြောင့် လျှပ်စစ်တာဝါတိုင်တွေကျိုးပြီးလျှပ်စစ်မီးပြတ်တောက်နေတဲ့ အတွက် ရပ်ကွက်အချို့မှာဖုန်း၊ပါဝါဘန့်စတာတွေကိုတလုံးကျပ်သုံးရာပေးအားသွင်းနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ “မီးစက်ရှိတဲ့လူ အဆင်ပြေတဲ့သူတွေက ဆင်းရဲသားအပိုင်းတွေ ဖုန်းအားသွင်းဖို့ တလုံး ၃၀၀ ပေးလုပ်နေတာပေါ့။ မီးလုံးတွေကအခမဲ့ရတယ်။ကျန်တဲ့သူတွေက သူတို့ဘာသာတက်နိုင်ကြတယ်လေ ။အခြေခံလူတန်းစားတွေအတွက်လုပ်နေကြတာပေါ့။ ဖုန်းတွေကျတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ စစ်ထောက်လှမ်းတဦးပစ်သတ်ခံရအပြီး အမျိုးသမီးတဦးအပါဝင် ဒေသခံတွေဖမ်းဆီးခံရ

  မေ၊ ၁၁   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာမှာ စစ်ထောက်လှမ်းရေးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဒီကနေ့ မေလ ၁၁ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့လို့ သေဆုံးပြီးနောက် အမျိးသမီးတဦးအပါအဝင် ဒေသခံအချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မကွေးတိုင်းက အမျိုးသမီးသုံးဦးအပါအဝင်ရှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့တရားစွဲ

မေ ၊ ၉ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နဲ့ သရက်မြို့နယ်ထဲကို စစ်ကောင်စီက တပတ်ကြာ စစ်ကြောင်းထိုးပြီးနောက် အမျိုးသမီးသုံးဦးအပါအဝင်ဒေသခံ (၈) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲနေတယ်လို့ သိရပါတယ်။  “ပို့ထားတဲ့ စာရင်းထဲကအတိုင်း ဆတ်လည်က ၃ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထီးလင်းမြို့နယ်၊ အကြည်ဘန်းကျေးရွာကို ရွာလုံးကျွတ်နီးပါး စစ်ကောင်စီမီးရှို့

မေ၊ ၇   မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ် အကြည်ဘန်းကျေးရွာကို အင်အားတရာ့ငါးဆယ်ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းက မေ ၆ ရက်၊ မနေ့က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံထောင်ချီတိမ်းရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကရဲနှစ်ဦး မြစ်ထဲရေချိုးအဆင်းမှာ ပစ်ခတ်ခံရပြီးသေဆုံး

မေ၊ ၄ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း မင်းရွာရဲစခန်းက ရဲနှစ်ဦးဟာ မေ ၃ ရက်၊ မနေ့ကညနေပိုင်းမှာ မြစ်သာမြစ်ထဲကိုရေချိုးဆင်းစဥ်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” ဘယ်လိုပစ်ခတ်သွားတယ်ဆိုတာတော့ အတိအကျမသိဘူးဗျ။စနိုက်ဘာနဲ့အပစ်ခံရတာဖြစ်ဖို့များပါတယ်။ ရဲနှစ်ယောက်သေလို့ ဂန့်ဂေါကနေဒီနေ့ထွက်တဲ့စစ်ကြောင်းက မင်းရွာအရောက်သွားမယ်လို့ခန့်မှန်းနေကြတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းလှမြို့နယ်မှာစစ်ရှောင် လေးရာနီးပါးအရေးပေါ်အကူအညီလိုအပ်နေ

ဧပြီ၊ ၂၈ မကွေးတိုင်းတောင်ပိုင်း၊ အထက်မင်းလှမြို့နယ်ထဲက အနောက်ရိုးမတောင်ပေါ်ကို စစ်ကောင်စီက စစ်ကြောင်း (၃)ကြောင်းနဲ့ တပတ်ကြာ စစ်ကြောင်းထိုးခဲ့ရာ ချင်းရွာတရွာကို ရွာလုံးကျွတ် မီးရှို့ပစ်ခဲ့ပြီး ရွာ (၅)ရွာထက်မနည်းကစစ်ရှောင်လေးရာနီးပါးအရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။  “စစ်ရှောင်ငတ်တလှည့်ပြတ်တလှည့်ဖြစ်နေတယ်။ တနေ့လုပ် တနေ့စားတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရေးအခြေအနေတွေကြောင့် ဂန့်ဂေါမြို့ပေါ်ကို ကားအသွားအလာရပ်၊ အခြေခံစားသောက်ကုန်တွေပြတ်လပ်လာ

ဧပြီ၊ ၁၁ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာ စစ်ရေးအခြေအနေတွေကြောင့် ကျေးရွာတွေက နေဂန့်ဂေါမြို့ပေါ်ကို ကားသွားလာမူတွေဆယ်ရက်ကျော်ရပ်ဆိုင်းပြီးနောက် အ​ခြေခံစားသောက်ကုန်တွေနဲ့ ဓာတ်ဆီ၊ဒီဇယ်တွေ ပြတ်လပ်လာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကန်ရဲစခန်းကိုစီးနင်းတိုက်ခိုက်ခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကနေ ဒီကနေ့အထိ ဂန့်ဂေါမြို့ပေါ်ကိုကားသွားလာမူတွေရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ “စျေးဆိုင်တွေမှာပြတ်ပြီ။ များများဝယ်ထားတဲ့သူတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့ မအူ ရဲကင်းစခန်းကိုပီဒီအက်ဖ်တွေဝင်စီး

ဧပြီ၊ ၃ မကွေးတိုင်း၊ရေစကြိုမြို့နယ် မအူရဲစခန်းကိုဒီကနေ့ဧပြီ ၃ရက်နေ့ မနက်၅နာရီအချိန်ကစတင်ပြီး ဒေသကာကကွယ်ရေးတပ်ဖွဲ့ဝင်တွေကဒုတိယအကြိမ်ဝင်ရောက်စီးနင်းခဲ့သိရပါတယ်။  “စခန်းသိမ်းတိုက်ပွဲမှာက၁၀ယောက်သေတယ် ။တပ်ကူလာတဲ့ကားကမိုင်းကွင်းထဲရောက်လာလို့မိုင်းဆွဲတာက၁၅ယောက်လောက်သေတယ်။လက်နက်တွေလည်းသိမ်းလို့ရထားတာတွေရှိတယ်” လို့ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ )ကရဲဘော်ဝေကြီးက DNA ကိုပြောပါတယ်။  စစ်ကောင်စီဘက်ကအကျအဆုံးနဲ့ပတ်သတ်ပြီး DNAအနေနဲ့  သီးခြားအတည်မပြုနိုင်သေးပါဘူး။ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ မအူရဲစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မှာစခန်းကိုမီးရှို့ဖျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။ စခန်းသိမ်းအပြီး မနက်၈နာရီအချိန်မှာစစ်ကောင်စီတပ်တွေက MI [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန်ရွာရဲစခန်းကိုတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းကစစ်ကူချလို့ ဒေသခံတွေရွာထဲမဝင်ရဲ

ဧပြီ၊ ၁ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကကန်ရွာရဲစခန်းကိုဒေသကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်တပ်ကလေကြောင်းကနေ စစ်သားတွေရွာထဲချထားတာကြောင့် ဒေသခံတသောင်းကျော်ဟာ ရွာထဲကိုပြန်မဝင်ရဲကြသေးဘူးလို့ သိရပါတယ်။ ” ငါးဆယ်ခြောက်ဆယ်လောက်တော့ရှိမယ်။ စခန်းကမရှိတော့ဘူးဆိုတော့ စခန်းနားကအိမ်တွေထဲမှာနေကြတယ်။ မနေ့က ရွာလယ်ထဲထိလာကြသေးတယ်ပြောတယ်။ PDF ဘက်က ဒရုန်းဝဲတော့ စခန်းဘက်ကိုပြန်ပြေးပြီး ကတုတ်ကျင်းတွေထဲဆင်းသွားကြတာ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်ထုမှာ စစ်ရှောင်စခန်းမီးရှို့ခံရလို့ လူဦးရေ ၄၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ

ဧပြီ၊ ၂ မကွေးတိုင်း၊ ကျောက်ထုမြို့၊ စံကျေးရွာအနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းတွေနဲ့အတူ မီးရှို့ဖျက်စီးခံလိုက်ရတဲ့ စံစစ်ရှောင်စခန်းကစစ်ရှောင် ၄၀၀ ကျော်ဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။     “စစ်ဘေးရှောင်တွေ စခန်းကတော့ အားလုံး မီးရှို့ခံလိုက်ရပါပြီ။ အခုတော့ ချင်းပြည်နယ်အစပ်က ရွာတွေမှာ [ဆက်လက်ဖတ်ရှုရန်]