နိုင်ငံရေး

ဒီပဲယင်းမြို့ပေါ် ရပ်ကွက်တခုမှာ စစ်တပ်က အရပ်သားတွေကိုနှင်ထုတ်ပြီး အိမ်နှစ်ဆယ်ကျော်မီးရှို့

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့၊ ကွက်သစ်ရပ်ကွက်မှာနေထိုင်သူတွေကို စစ်သားတွေက ညတွင်းချင်းနှင်ထုတ်ကာ နေအိမ်တွေကို မီးရှို့ခဲ့လို့ အိမ်နှစ်ဆယ်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒီပဲယင်း ဒေသခံတဦးက DNA ကိုပြောပါတယ်။ “နှစ်ဆယ့်နှစ်အိမ် မီးလောင်ပျက်စီးသွားတယ်လို့ သိရတယ်၊နေအိမ်ထဲကလူတွေကို ထွက်ကြထွက်ကြလို့ အထွက်ခိုင်းပြီး ရှို့တာ” လို့ ဒေသခံတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းးမှာ စစ်တပ်က ဒေသခံသုံးဆယ်ကျော်ကိုဖမ်းပြီး လူသားဒိုင်း လုပ်နေတယ်လို့ဆို

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က သံဃာတပါးအပါအဝင် ဒေသခံ သုံးဆယ်ကျော်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် စစ်ကြောင်း သွားရာတလျှောက် ခေါ်ဆောင်အသုံးပြုနေတယ်လို့ ဒီပဲယင်း မြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။   လက်ရှိ အဖမ်းခံထားရသူတွေထဲမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီရဲ့ ကျွန်းပင်ဂိတ်စခန်းကို DRPA အဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ဂိတ်စခန်းတစ်ခုဖြစ်တဲ့ ကျွန်းပင်ဂိတ်စခန်းကို အာဏာရှင်တော်လှန်ရေး ပြည်သူ့စစ်တပ်(DRPA)က ဇူလိုင်လ ၁၆ ရက်နေ့လည်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ DRPAက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၇ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။​ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမြို့အဝင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (ရွှေဘိုခရိုင်တပ်ရင်း၂၄) တာဝန်ရှိသူတဦး က DNA ကိုပြောပါတယ်။ ““ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းနဲ့ အရာတော်မြိုနယ်ကြားမှာရှိတဲ့ ကျေးရွာတွေကို စစ်အုပ်စုက မီးရှို့နေ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နဲ့ အရာတော်မြို့နယ်အကြားမှာရှိတဲ့ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းတွေကို လုယက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အရာတော်မြို့နယ် သတင်းမှန်က ဖော်ပြထားပါတယ်။ ဒီကနေ့ မေလ၂၈ရက်နေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ် ထန်းတပင်ကျေးရွာကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နေ့လည်ပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမြို့ အောင်စည်ကျေးရွာအနီးမှာ စစ်အုပ်စုက ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်

၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေဖြစ်တဲ့ အောင်စည်မြေကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုက မြေပြင်လက်နက်ကြီးတွေအပြင် စစ်ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၇ရက်နေ့ မနက် ၇နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုက အောင်စည်မြေကျေးရွာအနီးကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တန့်ဆည်မြို့က ရွာတွေကို လုယက်ပြီးပြန်လာတဲ့ စစ်အုပ်စုယာဉ် ဒီပဲယင်းမှာ မိုင်းထိ

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။ တန့်ဆည်မြို့နယ် ကာပေါင်းကျ၊ လိပ်ခြံ၊ ရွာသစ်ကုန်း၊ တပိုး၊ အိုင်လျား၊ နှမ်းခင်းကြီး၊ သစ်တော်ပေါက်၊ သစ်စေးကုန်း စတဲ့ကျေးရွာတွေမှာ ပြည်သူတွေရဲ့ နေအိမ်တွေကိုဖျက်ဆီး ရိက္ခာတွေကို လုယက်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းဟာ [ဆက်လက်ဖတ်ရှုရန်]