နိုင်ငံရေး

မိုးမိတ်မှာ မြို့တွင်းအထိ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုလည်းရှိ

ဇန်နဝါရီ၊ ၁၉   ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေကြား မနေ့မနက်ပိုင်းကစလို့ ဒီကနေ့ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နမ့်ဖတ်ကာမှာ တိုက်ပွဲဆက်ဖြစ်နေ၊ ခလရ ၁၂၃ ကို KIA မသိမ်းနိုင်သေး

ဇန်နဝါရီ ၊ ၁၈ မူဆယ်-လားရှိူး ကားလမ်းမပေါ်မှာရှိတဲ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတုန်းပဲလို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ နမ့်ဖတ်ကာရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ) ၁၂၃ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နတ်သံကွင်းမှာ စစ်ကောင်စီတင့်ကားနှစ်စီးနဲ့ သံချပ်ကာတစီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

ဇန်နဝါရီ၊ ၁၇   ပဲခူးတိုင်း နတ်သံကွင်းမြို့မှာ စစ်ကောင်စီရဲ့ တင့်ကားနဲ့ သံချပ်ကာကားတွေပါတဲ့ ယာဉ်တန်းကို အခုလဆန်းပိုင်းက တိုက်ခိုက်ခဲ့ပြီး တင့်ကားနှစ်စီးနဲ့ သံချပ်ကာကားတစီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။   လမ်းမတခုအပေါ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရှမ်းမြောက်မှာ အပစ်ရပ်ထားပေမယ့် ကိုးကန့်တပ်ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲပြန်ဖြစ်ပွား

ဇန်နဝါရီ၊ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တရုတ်နိင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ယာယီအပစ်ရပ်ထားပေမယ့် ကိုးကန့်တပ် (MNDAA) ထိန်းချူပ်ထားတဲ့ ကိုးကန့်မှာ တိုက်ပွဲပြန်ဖြစ်ပွားခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။   မနေ့က ဇန်နဝါရီလ ၁၆ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စခန်းသိမ်းခံရပြီးနောက် ဗုံးလာကြဲတဲ့ လေယာဉ်ကို KIA ပစ်ချ

ဇန်နဝါရီ၊ ၁၆   ခြေလျင်တပ်ရင်း တခုလုံး သိမ်းပိုက်ခံထားရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ရွာဘက်ကို ဗုံးလာကြဲတဲ့ စစ်ကောင်စီတပ် တိုက်လေယာဉ်တစီးကို ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ပစ်ချနိုင်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စကခ (၁၆) အခြေစိုက်တဲ့ သိန္နီမြို့သိမ်းတိုက်ပွဲမှာ PLA တပ်ဖွဲ့ဝင် ဆယ့်နှစ်ဦး ကျဆုံး

ဇန်နဝါရီ၊ ၁၆   ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ဆယ့်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) က ဇန်နဝါရီ ၁၅ ရက်၊ မနေ့က သတင်းထုတ်ပြန်ပါတယ်။   ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပလက်ဝ ဒေသတခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ AA ထုတ်ပြန်

ဇန်နဝါရီ၊ ၁၅   ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့ကို အလုံးစုံ သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး ပလက်၀ ဒေသတခုလုံးဟာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ ရက္ခိုင့်တပ်တော် (AA)က မနေ့ကညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘီးလင်းက စစ်ကောင်စီစခန်းကို တော်လှန်ရေးအင်အားစုတွေ ပိတ်ဆို့ထား

ဇန်နဝါရီ၊ ၁၄   တော်လှန်ရေးအင်အားစုတွေနဲ့ တလကျော်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအခြေစိုက်တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ဝိုင်းဝန်ပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။   ” ဒီကောင်တွေ စစ်ကူလာလို့လဲ မရတော့ဘူး။ အထဲမှာ [ဆက်လက်ဖတ်ရှုရန်]

Fact Check

လွိုင်ကော်တက္ကသိုလ် ပညာရေးဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးရန် NUG ထုတ် ပြန်ချက်ဆိုတဲ့ သတင်းအမှား

နိုဝင်ဘာ၊ ၂၃ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တခုဖြစ်တဲ့ Ko Thet အကောင့်ကနေ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက“လွိုင်ကော်တက္ကသိုလ်တွင် တိုက်ပွဲဖြစ်ပွားမှုကြားမှ ကယ်တင် ထိန်းသိမ်းထားသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား အမြန်ဆုံးပြန်လည်စေလွှတ်ပေးရေး” တောင်းဆို ထုတ်ပြန်တယ်ဆိုပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွိုင်ကော်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်သွားလို့ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ခက်ခဲနေ

နိုဝင်ဘာ၊ ၂၂   မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ လွိုင်ကော်မြို့မှာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်၊ မနက်အစောပိုင်းကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားလို့ မြို့ထဲပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲသွားတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]