ဒေသအလိုက် သတင်းကဏ္ဍ

မလေးရှားသွားတဲ့ စက်လှေ တိမ်းမှောက်လို့ ရိုဟင်ဂျာ လေးဆယ်ကျော် ပျောက်ဆုံးနေ

သြဂုတ်၊ ၈   ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာ မလေးရှားနိုင်ငံကို သွားတဲ့ စက်လှေတစီး နစ်မြုပ်၊ ပျက်စီးသွားခဲ့လို့ ရိုဟင်ဂျာ လေးဆယ်ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသခံရိုဟင်ဂျာတွေ ပြောကြားချက်နဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။   ရသေ့တောင်မြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ALP ပါတီဒုဥက္ကဌနဲ့ တပ်ရင်းမှူးတို့ ပစ်ခတ်ခံရမှုစွပ်စွဲချက် အခြေအမြစ်မရှိလို့ AA တုန့်ပြန်

ဇူလိုင်၊ ၂   ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေမှာ ဇူလိုင်လ ၁ ရက် မနေ့က နေ့ခင်းပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ပါတီဒုဥက္ကဌနဲ့ တပ်ရင်းမှူးတွေ ပစ်ခတ်ခံရလို့ သေဆုံးသွားမှုဟာ ရက္ခိုင့်တပ်တော် ULA/ AA က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမှာ အရပ်ဝတ် လက်နက်ကိုင်အုပ်စုနှစ်ခု အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ သုံးဦးသေ၊ သုံးဦးဒဏ်ရာရ

ဇူလိုင်၊ ၁  ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ ဒီကနေ့ နေ့လယ်ပိုင်းက အရပ်ဝတ်လက်နက်ကိုင်အုပ်စုနှစ်ခု အပြန်အလှန် ပစ်ခတ်မှုဖြစ်လို့ သုံး ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရသွားတယ်လို့ မျက်မြင်ဒေသခံတွေကပြောကြပါတယ်။ စစ်တွေတက္ကသိုလ်အနီး တက္ကသိုလ်ဝင်ပေါက်နဲ့ ရ ထားသံလမ်းအကြားမှာဒီကနေ့ နေ့လယ် ၁၂နာရီဝန်းကျင်က  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမြို့မှာ ဖိုင်ဘာလှေငယ် နစ်မြုပ်လို့ သင်္ဘောသားတဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံးနေဆဲ

ဇွန်၊​ ၃၀   ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇွန်လ ၂၈ ရက်က ဖိုင်ဘာလှေငယ်တစီး နစ်မြုပ်လို့ သင်္ဘောသား တဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေနဲ့ မြို့ခံတွေက DNA သတင်းဌာနကို ပြောကြားပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေသဲချောင်းအုန်းတော ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူတရာကျော်ဝမ်းရောဂါဖြစ်နေပြီး ကလေးငယ်တဦးသေဆုံး

မေ၊ ၂၅ မိုခါမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက်  ရခိုင်ပြည်နယ်စစ်တွေမြို့က ရိုဟင်ဂျာစခန်းတွေမှာ အကူအညီတွေဆက်လက်လိုအပ်နေပြီး သဲချောင်းအုန်းတောရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာဆိုရင်လည်း အသက်ငါးနှစ်အောက်ကလေးတွေ အပါအဝင် လူဦးရေ ၁၀၀ ကျော်က ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် အဝီစိရေတွင်းတုံကင်တွေမှာ ဆားငံရေဝင်ရောက်သွားတာ၊ သောက်သုံးရေရှားပါးလာတဲ့ အခက်အခဲတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်တိုင်းကြောင့် စစ်တွေက ရိုဟင်ဂျာစခန်းတွေမှာနေထိုင်သူ လေးရာဝန်းကျင် သေဆုံးနိုင်တယ်လို့ဆို

မေ၊ ၁၆   စစ်တွေမြို့နယ်ကနေ စတင်ကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် စစ်တွေမြို့နယ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူလေးရာဝန်းကျင်လောက် သေဆုံးခဲ့သလို ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ မြေပြင်မှာ စာရင်းကောက်ယူနေတဲ့ မွတ်စလင်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် မြင်ရတဲ့ စစ်တွေမြို့မြင်ကွင်း

မေ၊​ ၁၅   ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ မြင်ကွင်းတွေကို ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ဒေသတွင်းမီဒီယာတွေနဲ့ ဒေသခံတချို့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ထားတဲ့ ဓါတ်ပုံမှတ်တမ်းတွေပဲဖြစ်ပါတယ်။   စစ်တွေမြို့ဟာဆိုရင် မနေ့ မေလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေက မုန်တိုင်းရှောင်သူတွေ စားရေရိက္ခာလိုအပ်ချက်များစွာရှိနေ

မေ၊ ၁၄   ရခိုင်ပြည်နယ်၊ စစ်တွေမှာ မိုခါမုန်တိုင်းကို ကြိုတင်ရှောင်ရှားမှုတွေ ပြုလုပ်နေပေမယ့် စားရေးရိက္ခာအတွက်လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံ တွေက ပြောပါတယ်။   မိုခါမုန်းတိုင်းက ဒီကနေ့ မေလ ၁၄ ရက်နေ့မွန်းလွဲချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်က မုန်တိုင်းရှောင်ပြည်သူတွေ သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေ

မေ၊ ၁၃   လာမယ့် (၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ဖြတ်သန်းတော့မယ့် မိုခါမုန်တိုင်း အန္တရာယ်ကြောင့် ဘေးလွတ်ရာနေရာတွေကို အရေးပေါ်ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မုန်တိုင်းရှောင်ပြည်သူတွေအတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေက ပြောပါတယ်။   ဒီကနေ့အထိ မြောက်ဦးမြို့ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တွေအပါအဝင် ရခိုင်က ခုနစ်မြို့နယ်ကို မုန်တိုင်းအန္တရာယ်မြင့်မားတဲ့အနီရောင်အဆင့်ဒေသတွေအဖြစ် စစ် ကောင်စီကြေညာ

မေ၊ ၁၂ ပြည်နယ်မြို့တော်စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်ခုနစ်ခုကို မိုခါ မုန်တိုင်း အန္တရာယ်ကျရောက်နိုင် ခြေမြင့်မားတဲ့ အနီရောင်အဆင့်ဒေသတွေအဖြစ် ဒီကနေ့ညနေပိုင်းမှာ သတ်မှတ်ကြေညာလိုက်သလို ဒေသခံတွေ လည်း ဘေးလွတ်ရာတွေကိုဆက်လက်ရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။ အဲဒီအနီရောင်အဆင့်သတ်မှတ်လိုက်တဲ့ မြို့နယ်တွေဟာ ဘင်္ဂလားပင်လယ်ကမ်းစပ်မှာတည်ရှိတဲ့ စစ်တွေ၊ ရသေ့ [ဆက်လက်ဖတ်ရှုရန်]