နိုင်ငံရေး

တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်နှစ်ဦး ဒဏ်ရာရ

မေ၊ ၂၉   ကယား (ကရင်နီ)ပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ မေလ ၂၈ ရက် မနေ့ည ၈ နာရီခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်နဲ့ မြို့ခံပရဟိတအသင်းထံက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီးမော့ဆိုအနောက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ နှစ်ဦးဒဏ်ရာရ၊ အဆောက်အအုံတချို့ပျက်စီး

ဧပြီ၊​၂၉   ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရှိတဲ့ စစ်ရှောင်စခန်းတခုကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် နှစ်ဦးဒဏ်ရရကာ ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်လာတဲ့ယာဉ်တန်းကို ကရင်နီတပ်ခြုံခိုတိုက်

ဧပြီ၊ ၂၁   ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ လွိုင်ကော်- မိုးဗြဲလမ်းမကြီးပေါ်မှာ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ အစီး ၂၀ ခန့် ရှိတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ယာဉ်တချို့ ထိခိုက်ပျက်စီးသလို သေဆုံးမှုတွေ များပြားနိုင်တယ်လို့ သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီးမော့ဆိုမှာ လေးရက်ကြာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကအ များအပြားသေဆုံးတယ်လို့ KNDFပြော

မတ်၊ ၂၅ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုအတွင်း ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ် ကောင်စီတပ် တွေအကြားလေးရက်တာ တိုက်ပွဲအပြင်းအထန်ဖြစ်ရာမှာ စစ်ကောင်စီဘက်က အရာရှိ တွေ အပါ အဝင် (၉၀) ကျော်သေဆုံးကာ (၅၀)ထက်မနည်းဒဏ်ရာရပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းနိုင်ခဲ့တဲ့ လက်နက်ခဲယမ်းများ

မတ်၊ ၂၅ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုအတွင်း ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ် ကောင်စီတပ် တွေအကြားတိုက်ပွဲတွေကနေ သိမ်းဆည်းရရှိလာတဲ့ လက်နက်ခဲယမ်းတွေကို ကရင်နီ ပြည်နယ် သတင်းထုတ်ပြန် ရေးစင်တာ ( KnIC) က မတ်လ ၂၄ရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာမှာ ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးတဦးအပါအဝင် ခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။ ” ကျွန်တော်တို့နေတာက ဒီဘက်ကမ်း။ သူတို့က ဟိုဘက်ကမ်း။ တံတားပဲခြားတာ။ အဲ့ဒါကို စစ်ကောင်စီတပ်ဘက်က ဟိုဘက်အခြမ်း ပွန်ချောင်းအနောက်ဖက်ကမ်း၊ ရေနီပေါက်ကျေးရွာဘဲ။ ကားလမ်းပေါ်က အမျိုးသမီးတစ်ဦး၊ ကျောင်းသားလူငယ်နှစ်ဦးနဲ့ အရပ်သားသုံးဦးကို ဖမ်းသွားတာ” လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဖမ်းဆီးခံရသူ ခုနှစ်ဦးကို လက်ရှိအချိန်အထိ စစ်ကောင်စီက ပြန်မလွှတ်သေးဘူးလို့လည်း ဆိုပါတယ်။ မတ်လ ၁၆ရက်က အင်အား ၁၂၀ခန့်ပါတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ ပွန်းချောင်းအနောက်ဘက်ကမ်းကနေ ရောက်ရှိလာပြီး ရေနီပေါက်ကြိုးတံတားဘက်ကနေ စစ်ကြောင်းထိုးလာချိန်မှာ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ကင်းထောက်ရဲဘော်နှစ်ဦးက တွေ့ရှိပြီး စတင်ပစ်ခတ်ခဲ့တာကြောင့် နာရီဝက်ခန့်ကြာ နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ဆယ်ဦးခန့် ထိခိုက်သေဆုံးမှုရှိခဲ့တာကြောင့် စစ်ကောင်စီတပ်ဟာ ရေနီပေါက်ကျေးရွာရဲ့ဒေသကာကွယ်ရေးအဖွဲ့တွေ ရှိတဲ့ဘက်ကို လက်နက် ကြီးနဲ့ လေးချက်ပြန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တချို့လည်း ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ” ပစ်တဲ့အထဲမှာ မီးလောင်ဗုံးတလုံးလည်းပါတော့ ဒဏ်ရာက ပြင်းတယ်။ လက်ရှိမှာ လေးဦးကို တနေရာမှာ ဆေးကုသပေးနေပါတယ် ” လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ နှစ်ဖက်ထိတွေ့မှုတိုက်ပွဲမှာ အလယ်ပိုင်းတိုင်း အမှတ်(၁၁၀၇)၊ အမှတ်(၁၁၀၁)၊ အမှတ်(၁၁၀၂)၊ အမှတ်(၁၁၀၄)၊ အမှတ်(၁၁၀၅)၊ အမှတ်(၁၁၀၆)၊ အမှတ်(၁၁၀၈)တပ်ရင်းနဲ့ KNDFတပ်ရင်း-၂၁ စတဲ့ တဲ့ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး DNA သတင်းဌာနက ဒေသခံတွေကိုမေးမြန်းနိုင်ဖို့အတွက် ဆက်သွယ်ဖို့ကြိုးခဲ့ပေမယ့် ဒေသခံတွေရဲ့လုံခြုံရေးအရ မေးမြန်းခွင့်မရခဲ့ပါဘူး။

မတ်၊ ၁၉   ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာမှာ ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးတဦးအပါအဝင် ခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွိုင်ကော်အရှေ့ဘက်က စစ်ရှောင်စခန်း ကို စစ်တပ်ကဗုံးကျဲလို့ ဆေးပေးခန်းပြာကျ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊အရှေ့ဘက်ခြမ်းက ဆင်စခန်းစစ်ဘေးရှောင်စခန်းကို  တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကျဲလို့စစ်ဘေးရှောင်ဆေးခန်းတခုမီးလောင်ပြာကျသွားပြီး စာသင်ကျောင်း အနည်းငယ်ပျက်စီးသွားတယ်လို့သိရပါတယ်။  အဲ့ဒီစစ်ရှောင်စခန်းကိုစစ်ကောင်စီက  ဖေဖော်ဝါရီ ၃ရက် မနေ့ကညနေပိုင်းမှာ လေယာဥ်နဲ့ဗုံးကျဲခဲ့တာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာကိုဗညားကပြောပါတယ်။ “ဆေးရုံတလုံးကတော့ လုံးဝကို ပြာကျသွားတာပေါ့၊ကျောင်းထိခိုက်မိတာတော့ ရှိတယ်၊နည်းနည်း ပါးပါး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မယ်စလောင်းတောင်စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကရင်နီတပ်မတော်ကရဲဘော်တဦးရဲ့ ဈာပန

ကယား(ကရင်နီ) ပြည်နယ် မယ်စလောင်းတောင်စခန်းသိမ်းတိုက်ပွဲမှာကျဆုံးခဲ့တဲ့ အသက် (၂၂)နှစ်အရွယ် ကရင်နီတပ်မတော်ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေးရဲ့ ဇာပနအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။ အသက် (၂၂)နှစ်အရွယ် ကရင်နီတပ်မတော်ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေးရဲ့ ဈာပန ကို KNDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေပြင်းတိုက်ခိုက်မှုကြောင့် ကယားမှစစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်

မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကယားပြည်နယ် ဖယ်ခုံမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းမှ အမိုးအကာများ ပျက်စီးခဲ့သဖြင့် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့The 74 Media ကဖာ်ပြထားပါတယ်။ မိုးသည်းထန်းစွာရွာသွန်းခဲ့သဖြင့် မိုးကာများ ပျက်စီးခဲ့သလို မိုရာသီရောက်ရှိလာပြီ ဖြစ်တာကြောင့် စစ်ရှောင်စခန်းအတွင်း အမိုးအကာများနဲ့ ခြင်ထောင်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကယားစစ်ရှောင် ၁၃၀၀၀ ကျော်အတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဝေ

ကယားပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာ ၁၃၀၀၀ ကျော်အတွက် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်ဝေခဲ့တယ်လို့ UNHCR က ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးကို ရွှေ့ပြောင်းနေထိုင်နေကြတဲ့ ကယားပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူတွေကို စောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ ခြင်ထောင်နဲ့ ဆောင်းရာသီ [ဆက်လက်ဖတ်ရှုရန်]