ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့မှာ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၃ ဦး ထပ်မံသေဆုံး

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒီကနေ့ မတ်လ ၃ ရက်နေ့ တစ်ရက်ထဲ ကိုဗစ်အတည်ပြုလူနာ ၃ ဦး ထပ်မံသေဆုံးခဲ့ပြီး စတုတ္ထုလှိုင်းအတွင်းမှာ သေဆုံးသူ ၁၄ ဦးထိရှိလာပြီလို့ ဒေသတွင်း လူမှုရေးအဖွဲ့တွေဆီက သိရပါတယ်။ “အခုဆုံးပါးသူ အများစုကတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံး

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မြောင်းမြပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုရေးအသင်းအဖွဲ့တွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် မြောင်းမြမြို့မှာ စတုတ္ထလှိုင်းအတွင်း သေဆုံးသူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်လတ်မြို့ အမှတ်(၂) ရပ်ကွက်ရုံး ဗုံးပစ်ခံရ

ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် အမှတ်(၂) ရပ်ကွက်ရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်န့ မနက် ၄နာရီ၃၀မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဖျာပုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု-ဧရာဗေဒါ(ကျိုက်လတ်) နဲ့ ကျိုက်လတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်လတ် ပ-က-ဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့မရဲစခန်းက အချုပ်သား ၆ ဦးထွက်ပြေး

ဧရာဝတီတိုင်း ပုသိမ်မြို့ မြို့မရဲစခန်း အချုပ်ခန်းက အချုပ်သား ၆ ဦး ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝန်းဆီက သိရပါတယ်။ ဒီကနေ့ မတ်လ ၁ ရက်နေ့ မနက် ၁ နာရီခန့်လောက်မှာ အချုပ်ခန်းဖောက်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့စု (၄၉) မှ ရဲမှူးမြင့်အောင် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့စု (၄၉) မှ ရဲမှူးမြင့်အောင်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ Myanmar Police CDM Channel က ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ရဲမှူးမြင့်အောင်ကို နေပြည်တော်အစည်းအဝေး အပြန်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့ ငဝန်ကျွန်းသာ ၄ လမ်းမှာ မီးလောင်နေ

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် (၁) ရပ်ကွက် ငဝန်ကျွန်းသာ ၄ လမ်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းကာ အနီးဝန်းကျင်ကိုပါ ဆက်လက်မီးကူးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင်ရဲ့ အင်တာဗျူးစာအုပ်တွေကို စာသင်ကျောင်းတွေမှာ မဝယ်မနေရရောင်းနေ

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတွေက ကျောင်းအုပ်တွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အင်တာဗျူးတွေကို စုစည်းထုတ်ဝေထားတဲ့ စာအုပ်တွေကို မဝယ်မနေရစနစ်နဲ့ ပညာရေးဌာနက ရောင်းချနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ စာအုပ်တစ်အုပ်ကို ၂၀၀၀ ကျပ်နဲ့ မဝယ်မနေရဝယ်ယူခိုင်းပြီးတော့ စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြမြို့နယ် ကျောင်းမျက်စုကျေးရွာမှာ ဗုံးပေါက်

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် စကားမြားကျေးရွာအုပ်စု ကျောင်းမျက်စုကျေးရွာမှာ ဗုံးတစ်လုံးဖောက်ခွဲ သတိပေးခဲ့တယ်လို့ ဧရာဝတီမိုက်မိုက်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ မနေ့က ဖေဖေါ်ဝါရီလ ၄ရက်နေ့ ည၉နာရီ၃၀မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး စကားမြားကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ခေါင်းဆောင်ပိုင်းအချို့ လာရောက်မှာကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့ ဧရာဝတီမိုက်မိုက်အဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်လတ်မြို့မှာ စစ်အုပ်စုနဲ့ပူးပေါင်းပြီး ပြည်သူကို ရိုက်နှက်ဖမ်းဆီးတဲ့ အမျိုးသားတစ်ဦး အပစ်ခံရ

ဧရာဝတီတိုင်း ကျိုက်လတ်မြို့ ညောင်ပင်စုကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူကို ရိုက်နှက်ဖမ်းဆီးတာ စစ်အုပ်စုကို သတင်းပေးတာ လုပ်ဆောင်နေတဲ့ ဦးလှသောင်းဆိုသူ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ဖေဖေါ်ဝါရီလ ၂ရက်နေ့ ညပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြံ့ခင်းမြို့မှာ VPNအကြောင်းပြကာ လူငယ် ၁၁ဦးကို စစ်အုပ်စုက ဖမ်းဆီး

ဧရာဝတီတိုင်း ကြံ့ခင်းမြို့နယ်မှာ ဇန်နဝါရီလ နောက်ဆုံးအပတ်က စတင်ပြီး မြို့အတွင်း လမ်းဆုံလမ်းခွတွေမှာ ဖုန်းတွေအတွင်း VPN ရှိမရှိစစ်ဆေးကာ လူငယ် ၁၁ဦးအထိ ဖမ်းဆီးခဲ့တယ်လို့ ကြံ့ခင်းမြို့နယ် နွေဦးတော်လှန်ရေးအင်အားစုဆီက သိရပါတယ်။ စစ်အုပ်စုက လမ်းဆုံတွေမှာ အုပ်စုဖွဲ့စစ်ဆေးရေးတွေလုပ်ဆောင်ပြီး ဖုန်းတွေထဲမှာ [ဆက်လက်ဖတ်ရှုရန်]