နိုင်ငံရေး

အင်းစိန်ထောင်က အကျဥ်းသူတွေ နေရာထိုင်ခင်းကောင်းကောင်းရဖို့ ပိုက်ဆံသိန်းချီပေးနေရ

မတ် ၊ ၂၇ ရန်ကုန်မြို့၊ အင်းစိန်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသူတွေအပါအဝင် အကျဥ်းသူတွေအနေနဲ့ နေရာထိုင်ခင်း ကောင်းကောင်းရဖို့ အာဏာပိုင်တွေကို ပိုက်ဆံသိန်းချီပေးနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်း သားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။  “ဘုရားစင်နားကနေရာတွေ၊ လေဝင်လေထွက်ကောင်းတဲ့ အပေါ်ထပ်ကလိုမျိုးနေရာတွေရဖို့ ပိုက်ဆံပေးရတာ၊ မပေးတဲ့လူတွေတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းစိန်ထောင်မှာ နိုင်ကျဉ်းလေးဦး ရိုက်နှက်တိုက်ပိတ်ခံထားရ

မတ် ၊ ၂ ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားလေးဦးကို ထောင်အာဏပိုင်တွေက ရိုက်နှက်ပြီး ခြေထောက်ဒေါက်ခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကိုသိုက်ထွန်းဦးကပြောပါတယ်။ အဲဒီအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းစိန်ထောင်ရှေ့မှာ လွတ်ငြိမ်းမျှော်နေကြသည်

သြဂုတ်၊ ၁   ဒီကနေ့ ဩဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် အကျဉ်းကျသူတွေရဲ့ မိသားစုဝင်တွေက ဒီကနေ့မနက်ပိုင်းကစလို့ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင်အနီး ဗုံးသုံးလုံးပေါက်ကွဲမှု ဖြစ်ပွါး

ဇွန် ၆ ရန်ကုန်မြို့၊  အင်းစိန်ဗဟိုအကျဥ်းထောင်၊မင်းစေတီဝင်ပေါက်အနီးမှာဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီးလှိုင်မြို့နယ်အတွင်းမှာ လည်းသေနတ်ပစ်ခတ်သံအချို့ကြားရတယ်လို့ဒေသခံတွေကDNAကိုပြောပါတယ်။ “ပထမပေါက်တာက ၈နာရီခွဲလောက်မှာပေါက်တာ။ပေါက်တော့ စစ်ကားတွေရောက်လာပြီး ဗုံးပေါက်တဲ့နေရာကို စစ်ဆေးနေတဲ့အချိန်မှာ ထပ်ပေါက်တာ၊အဲ့ဒါပြီးတော့ သိပ်မကြာထပ်ပေါက်တာ။လူထိမထိတော့ ကျွန်တော်တို့လည်း အခြေအနေကြည့်နေတယ်။လက်ရှိမှာတော့ အရိပ်အရောင်မတွေ့သေးဘူး”လို့ အင်းစိန်မြို့နယ်အတွင်းနေထိုင်တဲ့ ဒေသခံတဦးကပြောပါတယ်။ အင်းစိန်ဗဟိုအကျဥ်းထောင်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကတော့ ပေါက်ကွဲမှုကြောင့်ပျက်စီးမှုအချို့ရှိခဲ့ပေမယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အဆိုတော်ဗျူဟာကို စစ်ကောင်စီက တခြားပုဒ်မတွေနဲ့ ထပ်တိုးတရားစွဲဖွယ်ရှိနေ

မေ၊ ၃၀   အဆိုတော်ဗျူဟာကို လူမှုကွန်ရက်မျက်နှာပေါ်မှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့လို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅ – (က)အပြင် တခြားပုဒ်မတွေနဲ့လည်း ထပ်မံတရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းစိန်ထောင်အပါအဝင် ရန်ကုန်မှာ ပစ်ခတ်မှုနဲ့ ဗုံးပစ်တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်

မတ် ၊ ၂၄ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်နဲ့ သန်လျင်မြို့နယ်တွေထဲမှာ ဒီကနေ့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာ ဗုံးပစ်တိုက်ခိုက်မှုနဲ့ သေနတ် ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေဆီကသိရပါတယ်။  အင်းစိန်ဗဟိုအကျဥ်းထောင်ရဲ့ဂိတ်အမှတ် (၂) ဘက်အခြမ်းမှာရှိတဲ့ ဝန်ထမ်းအိမ်ယာအနီးမှာ မတ်လ ၂၄ရက် မနက် (၁၁)နာရီဝန်းကျင်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင်ရှေ့ဗုံးပေါက်ကွဲပြီးပစ်ခတ်မှုဖြစ်

ရန်ကုန်မြို့၊အင်းစိန်အကျဥ်းထောင်အရှေ့မှာ ဒီကနေ့အောက်တိုဘာ ၁၉ရက် မနက် ၉ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ “ဆေးရုံကားတွေတော့ များတယ်၊ထောင်ထဲဝင်သွားတာ၊လက်ရှိအပြင်ကနေကြားရတာတော့ သေတဲ့လူရော ၊ထိခိုက်ဒဏ်ရာရရသူရော တော်တော် များတယ်လို့ကြားတယ်။အဓိကကတော့ ထောင်ဝန်ထမ်းတွေ ထိတာများတယ်”လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင် အရာရှိဆောင်နဲ့ တပ်ဂိတ်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ S.O.F ကြေညာ

သြဂုတ်လ ၂၂ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မြို့အင်းစိန် အကျဉ်းထောင်အပြင်ဘက်ခြမ်းရှိ အရာရှိအ ဆောင် နှင့် စစ်ကောင်စီတပ်တွေ ဂိတ်ချထားတဲ့နေရာ ၂ခုကို ၆၀မမ လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ Special Operation Force [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင်မှာ သေဒဏ်ကျနိုင်ငံရေးအကျဥ်းသား သုံးဦး ထပ်မံစီရင်ခံရ

အင်းစိန်အကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသား ၃ဦးကို ထပ်မံစီရင်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်း ဦးထွန်းကြည်က DNA ကို ပြောပါတယ်။ “အခုက သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားက ရာနဲ့ချီပြီးရှိတယ်။နောက်ဆက်တွဲဘယ်နှစ်ယောက်ကိုစီရင်လဲဆိုတာတော့ အတိအ ကျမသိဘူး။ထောင်ဖရဲသီးတွေဆီက သတင်းစုံစမ်းနေတယ်။အနည်းဆုံး သုံးယောက်ကိုရှင်းလိုက်ပြီလို့တော့ သိရတယ်”လို့ နိုင်ငံရေးအကျဥ်းသားဟောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့ ထောင်ပြောင်းခံရ

ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ကို ထောင်ပြောင်းရွေ့မှုတွေ လုပ်ဆောင်နေတယ်လို့ မိသားစုဝင်တွေနဲ့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ပေးနေသူတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ အင်းစိန်အကျဉ်းထောင်ကနေ နယ်အကျဉ်းထောင်တွေကို ရွေ့ပြောင်းနေတာဖြစ်ပြီး ထောင်ပြောင်းရွေ့ခံရတဲ့ [ဆက်လက်ဖတ်ရှုရန်]