၄ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။ (သတင်းတို) ဟင်္သာတမြို့နယ်၊ လယ်တော်ရပ်ကွက်မှာ ဒီကနေ့နေ့လည်ပိုင်းက ရထားလမ်းပေါ်မှာ အိပ်ပျော်နေတဲ့ အမျိုးသားတစ်ဦး ရထားကြိတ်ခံခဲ့ရပါတယ်။ ရထားကြိတ်ခံရတဲ့ အသက်၂၄နှစ် အမျိုးသားဟာ ကစွန်းရွက်ခူးရောင်းသူဖြစ်ပြီး သူနေထိုင်တဲ့အိမ်နဲ့ ပေ(၁၀၀)ကျော်အကွာရှိတဲ့ ရထားလမ်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။ ပုသိမ်ကနေ ထွက်ခွာလာတဲ့ အမှတ်(၁၈၅)အဆန်စာပို့ရထားဟာ ကြံခင်းဘက်ကနေ ဆက်လက်ထွက်ခွာလာချိန် ရထားလမ်းပေါ်မှာ အိပ်ပျော်နေတဲ့ အမျိုးသားကို ကြိတ်မိခဲ့တာဖြစ်ပါတယ်။ အဲဒီအမျိုးသားဟာ ဘယ်ဘက်ခြေထောက်ပြတ်သွားခဲ့ပြီး ညာဘက်လက်လည်း…
Read More