အိပ်ပျော်နေလို့ ရထားကြိတ်ခံလိုက်ရတဲ့ အမျိုးသား

၄ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။ (သတင်းတို)

ဟင်္သာတမြို့နယ်၊ လယ်တော်ရပ်ကွက်မှာ ဒီကနေ့နေ့လည်ပိုင်းက ရထားလမ်းပေါ်မှာ အိပ်ပျော်နေတဲ့ အမျိုးသားတစ်ဦး ရထားကြိတ်ခံခဲ့ရပါတယ်။

ရထားကြိတ်ခံရတဲ့ အသက်၂၄နှစ် အမျိုးသားဟာ ကစွန်းရွက်ခူးရောင်းသူဖြစ်ပြီး သူနေထိုင်တဲ့အိမ်နဲ့‌ ပေ(၁၀၀)ကျော်အကွာရှိတဲ့ ရထားလမ်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

ပုသိမ်ကနေ ထွက်ခွာလာတဲ့ အမှတ်(၁၈၅)အဆန်စာပို့ရထားဟာ ကြံခင်းဘက်ကနေ ဆက်လက်ထွက်ခွာလာချိန် ရထားလမ်းပေါ်မှာ အိပ်ပျော်နေတဲ့ အမျိုးသားကို ကြိတ်မိခဲ့တာဖြစ်ပါတယ်။

အဲဒီအမျိုးသားဟာ ဘယ်ဘက်ခြေထောက်ပြတ်သွားခဲ့ပြီး ညာဘက်လက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာတော့ ဟင်္သာတပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေကာ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။