ဟင်္သာတမှာ ကိုဗစ်လူနာသစ်(၁၄)ဦးတွေ့ရှိ
၂၆၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဒီကနေ့မနက် တိုင်းကျန်းမာရဲ့ထုတ်ပြန်ချက်အရ ဟင်္သာတမြို့မှာ COVID 19 အတည်ပြုလူနာ (၁၄)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က RDTနဲ့စစ်ဆေးခဲ့တဲ့ ဦးပါရဲတန်ဆောင်းမှာ (၃)ဦး၊ ဦးအောင်မြတ်ကျော်တန်ဆောင်းမှာ(၄)ဦး၊ အထက(၁)ကွာရန်တင်းစင်တာနဲ့ အထက(၂)က (၇)ဦးတို့မှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့တယ်လို့ ဟင်္သာတမြို့နယ် ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်မေသန္တာက Delta News Agencyကို ပြောပါတယ်။ လက်ရှိဒီမနက်မှာ ဦးပါရဲတန်ဆောင်း၊ ဦးအောင်မြတ်ကျော်တန်ဆောင်းနဲ့ အထက(၂)တို့မှာ စစ်ဆေးမှုအရ ကိုဗစ်လူနာသစ်(၄)ဦးထပ်မံတွေ့ရှိထားတယ်လို့…