သိန်းတစ်ရာကျော်ရွှေထည်နဲ့ငွေတွေ ခိုးယူခံရတဲ့ ဖြစ်စဉ်မှာ ကျူးလွန်သူက အိမ်ရှင်ရဲ့ ဇနီးဖြစ်နေ

သိန်းတစ်ရာကျော်ရွှေထည်နဲ့ငွေတွေ ခိုးယူခံရတဲ့ ဖြစ်စဉ်မှာ ကျူးလွန်သူက အိမ်ရှင်ရဲ့ ဇနီးဖြစ်နေ

၆ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်က ရွှေထည်နဲ့ငွေ သိန်း၁၇၀ကျော်ခိုးယူခံရတဲ့ ဖြစ်စဉ်မှာ ခိုးယူသူဟာ အိမ်ရှင်ရဲ့ ဇနီးကိုယ်တိုင် ဖြစ်နေတယ်လို့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။ သာပေါင်းမြို့နယ်ကျွန်းကုန်းအုပ်စုကျောက်အိုင်ရွာမှာနေထိုင်တဲ့ ဦးမြတ်ခိုင်ဟာ ဒီဇင်ဘာ၃ရက်နေ့မနက်ပိုင်းက နေအိမ်အိမ်ခန်းတွင်းကသေတ္တာတွင်းက ငွေသား၄၆သိန်းနဲ့ရွှေထည်(၈)မျိုး ပျောက်ဆုံးသွားခဲ့တာပါ။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ သာပေါင်းမြို့မရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် သာပေါင်းမြို့မရဲစခန်းနဲ့ ပုသိမ်ခရိုင်မှုခင်းနိမ်နှင်းရေးဌာနတို့ ပူးပေါင်းစစ်ဆေးခဲ့ရတယ်လို့သိရပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာ ကျေးရွာတွင်းကို လူစိမ်းအ၀င်အထွက်ကန့်သတ်မှုတွေရှိတယ်လို့သုံးသပ်တာကြောင့် မိသားစုနဲ့ အနီးပတ်ဝန်းကျင်ကို အဓိကထားစစ်ဆေးခဲ့ရာမှာ…

Read More