သိန်းတစ်ရာကျော်ရွှေထည်နဲ့ငွေတွေ ခိုးယူခံရတဲ့ ဖြစ်စဉ်မှာ ကျူးလွန်သူက အိမ်ရှင်ရဲ့ ဇနီးဖြစ်နေ


၆ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်က ရွှေထည်နဲ့ငွေ သိန်း၁၇၀ကျော်ခိုးယူခံရတဲ့ ဖြစ်စဉ်မှာ ခိုးယူသူဟာ အိမ်ရှင်ရဲ့ ဇနီးကိုယ်တိုင် ဖြစ်နေတယ်လို့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

သာပေါင်းမြို့နယ်ကျွန်းကုန်းအုပ်စုကျောက်အိုင်ရွာမှာနေထိုင်တဲ့ ဦးမြတ်ခိုင်ဟာ ဒီဇင်ဘာ၃ရက်နေ့မနက်ပိုင်းက နေအိမ်အိမ်ခန်းတွင်းကသေတ္တာတွင်းက ငွေသား၄၆သိန်းနဲ့ရွှေထည်(၈)မျိုး ပျောက်ဆုံးသွားခဲ့တာပါ။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ သာပေါင်းမြို့မရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် သာပေါင်းမြို့မရဲစခန်းနဲ့ ပုသိမ်ခရိုင်မှုခင်းနိမ်နှင်းရေးဌာနတို့ ပူးပေါင်းစစ်ဆေးခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိ ကိုဗစ်ကာလမှာ ကျေးရွာတွင်းကို လူစိမ်းအ၀င်အထွက်ကန့်သတ်မှုတွေရှိတယ်လို့သုံးသပ်တာကြောင့် မိသားစုနဲ့ အနီးပတ်ဝန်းကျင်ကို အဓိကထားစစ်ဆေးခဲ့ရာမှာ တရားလိုရဲ့အမျိုးသမီးဖြစ်သူ ဒေါ်ခင်မာလွင် ခိုးယူခဲ့တည ပေါ်ပေါက်ခဲ့တယ်လို့ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ဒေါ်ခင်မာလွင်ဟာ လူမူရေးအခက်အခဲတွေရှိနေတာကို ဖြေရှင်းဖို့ ခင်ပွန်းဖြစ်သူမသိအောင် ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

လက်ရှိမှာ ဒေါ်ခင်မာလွင်ကို သာပေါင်းမြို့မရဲစခန်းကနေ(ပ)၄၇၇/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ ၃၈၀နဲ့အမှုဖွင့်ထားပြီး တရားရုံးမှာ တရားစွဲဆိုသွားမယ်လို့သိရပါတယ်။