ဗြိတိန်က ကိုဗစ်ကာကွယ်ဆေးအတည်ပြုပြီ

ရေးသားသူ – ဒေါက်တာသော်ဇင်ညိမ်း (မိသားစုကျန်းမာရေး စောင့်ရှောက်မှုဆရာဝန်)

၂ ၊ ဒီဇင်ဘာ ၊ ၂၀၂၀ ။

Pfizer & BioNTech ရဲ့ Covid 19 ကာကွယ်ဆေးကို ဗြိတိန်က ဒီကနေ့ပဲ အတည်ပြုပေးလိုက်ပါပြီ။

Pfizer & BioNTech ရဲ့ ယခုထွက်ရှိလာတဲ့ ကာကွယ်ဆေးဟာ ၉၅%ထိရောက်မှု ရှိပြီး ဘေးဥပါဒ်မရှိဘူးလို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

နောက်အပါတ်ထဲမှာ ဗြိတိန်အတွက် ကာကွယ်ဆေးသန်းလေးဆယ် စတင်ဖြန့်ချီတော့မှာပါ။ဗြိတိန်ရဲ့ အတွေ့အကြုံရှိကျန်းမာရေး စောင့်ရှောက်မှုစနစ်က ခွင့်ပြုပေးလိုက်တာ ဖြစ်တဲ့အတွက် ယုံကြည်လောက်ဖွယ်ဖြစ်ပါတယ်။

Pfizer ရဲ့ စီအီးအိုဖြစ်သူ Albert Bourla ကတော့ `သမိုင်းဝင် ပြီ ၊ သိပ္ပံက အနိုင်ရပြီ’ လို့ပြောပါတယ်။

သိပ်မကြာခင်မှာလည်း အမေရိကန်က အတည်ပြုပေးဖို့ရှိနေပါတယ်။

CNN သတင်းကို အခြေပြုပြီး တင်ဆက်ပေးလိုက်ပါတယ်။

https://www.google.com/url?sa=t&source=web&rct=j&url=https://amp.cnn.com/cnn/2020/12/02/uk/pfizer-coronavirus-vaccine-uk-intl-hnk/index.html&ved=2ahUKEwiW7qTwga_tAhVUMd4KHQPNDa0QFjAEegQICRAB&usg=AOvVaw0rqTCivHYVR3K3mA-RD-l9&ampcf=1