မတူပီမြို့ကနေ ရန်ကုန်ကို ခရီးထွက်လာတဲ့ ချင်းတိုင်းရင်းသားလူငယ်တဦးကိုမကွေးတိုင်း၊ပေါက်မြို့နယ် သရက်တောဂိတ်မှာ စစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့ မတူပီဒေသခံတွေက DNA ကိုပြောပါတယ်။ ခရီးသည်တင်ကားနဲ့လိုက်ပါလာတဲ့ အဲ့ဒီလူငယ်ကို သရက်တောသစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေက စစ်ဆေးပြီးတဲ့နောက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။ “သူ့ဖုန်းကိုစစ်ပြီးဖမ်းတာ၊ ခုလူတွေ့ လို့မရဘူး ဖြစ်နေတယ်၊တွေ့ခွင့်လည်းမပြုဘူး”လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုနဲ့ နီးစပ်သူတဦးက DNAကိုပြောပါတယ်။ အဖမ်းဆီးခံရသူဟာ မတူပီမြို့နယ် ၀လံတဲ ကျေး ရွာက အသက်နှစ်ဆယ်ကျော်အရွယ် မောင်ဇိုဘွေးဖြစ်တယ်လို့သိရပါတယ်။ “သူက CDF တွေထဲလည်းမပါဘူး၊ဒီတိုင်းအရပ်သားပဲ” လို့…
Read Moreဒီကနေ့ ဇန်နဝါရီ ၄ရက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသားတွေ ကိုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ စစ်ကောင်စီကလွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ရှေ့မှာမိသားစုဝင်တွေကလာရောက်စောင့်ဆိုင်းနေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ ” မနက်အစောပိုင်းကတည်းက လာစောင့်နေကြတာ။ ၉နာရီလောက်မှာ လူရာဂဏန်းလောက်ရှိနေပြီ။ ဘာသတင်းမှတော့မကြားထားဘူး။ လွတ်လပ်ရေးနေ့လွတ်ငြိမ်းရှိတယ်ဆိုတော့ လွတ်လိုလွတ်ငြားလာစောင့်နေရတာ” လို့ အင်းစိန်အကျဉ်းထောင်ရှေ့မှာစောင့်ဆိုင်းနေတဲ့ နိုင်ကျဉ်းမိသားစုဝင်တဦးကပြောပါတယ်။ လက်ရှိမှာတော့ စစ်အာဏာသိမ်းတဲ့နေ့ကတည်းက စစ်တပ်ကဖမ်းဆီးသွားတဲ့ ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင်၊ ပရဟိတစာရေးဆရာမ ဒေါ်သန်းမြင့်အောင်ရန်ကုန်အင်းစိန်အကျဉ်းထောင်ကပြန်လွတ်မြောက်လာပြီဆိုတာ DNA က…
Read Moreစစ်ကောင်စီရဲ့ထောက်လှမ်းရေးတပ်တစ်ခုဖြစ်တဲ့ အမှတ် ၁ တပ်မတော် စစ်ဘက်လုံခြုံရေးအဖွဲ့က UG အဖွဲ့တစ်ခုထောင်ပြီး ရန်ကုန်မြို့တွင်းက မြေအောင်တော်လှန်ရေးအဖွဲ့(UG)တွေကြားကို ထိုးဖောက်စိမ့် ဝင်နေတယ်ဆိုတဲ့ အသံဖိုင်တစ်ခု လူမှုကွန်ရက်မှာပျံ့လာနေသလို ရန်ကုန် မြေအောက်တော်လှန်ရေး အဖွဲ့ တွေကလည်း အဲ့ဒီလိုအခြေအနေတွေရှိနေတယ်လို့ DNA ကိုပြောပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ဒီအသံဖိုင်ထဲမှာ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အယောင်ဆောင်ပြောက်ကျား အဖွဲ့တချို့၊အသွင်ယူတော်လှန်ရေးသမား တချို့အပြင် ဖမ်းမိတဲ့တော်လှန်ရေးအက်အားစုတွေကတဆင့် တော်လှန်ရေးအဖွဲ့တွေကို လိုက်လံချိတ်ဆက်ပြီး စောင့်ကြည့်ဖမ်းဆီးတာတွေ၊ဟန်ဆောင်ဖောက်ခွဲမှု လုပ်ခဲ့တာတွေကိုလည်း ထည့်ပြောထားပါတယ်။ စစ်ကောင်စီတပ်အတွင်းပိုင်းမှာ အစီရင်ခံပေးပို့တာဖြစ်တယ်လို့…
Read Moreအာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ်လို့ပြောဆိုထားတဲ့ ရွေးကောက်ပွဲ နီးကပ်လာချိန် အခုနှစ် ကုန်ပိုင်းမှာ လက်ရှိရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို အနားပေးပြီး စစ်အုပ်စုထောက်ခံသူတွေနဲ့ ပြည်ခိုင် ဖြိုးပါတီဝင်တွေကို အစားထိုးခန့်အပ်တာတွေ လုပ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက စုံစမ်း သိရှိရပါတယ်။ လက်ရှိမှာ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အနားပေးတာ အ သစ်ခန့်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ DNA ကစုံစမ်းအတည်ပြုထားနိုင်ပါတယ်။ အခုလအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မင်္ဂလာဒုံ မြို့ နယ်ထဲက…
Read Moreရန်ကုန်ကမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း နေ့စဉ် လျှပ်စစ်မီး ဆယ်နာနာရီဝန်းကျင်လောက် အထိ ပျက်နေတယ်လို့ ရန်ကုန် မြို့ခံတွေက DNA ကို ပြောပါတယ်။ လျှပ်စစ်မီးကို အကြောင်းပြချက်မရှိ၊ ကြိုတင်အသိပေးခြင်းမရှိဘဲ ဖြတ်တောက်နေတာဖြစ်ပြီး တစ်ခါပျက်ရင် အနည်းဆုံး သုံးနာရီလောက်အထိ ကြာတတ်တယ်လို့ ဆိုပါတယ်။ “မနက်ကလည်းပျက်တယ်၊နှစ်နာရီလောက်ပြန်လာပြီး ပျက်သွားတာ၊အခုအချိန်အထိ လေးနာရီကျော် ပြီမလာ သေးဘူး”လို့ သင်္ဃန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ အဲဒီလို မီးပျက်နေတာကြောင့် လျှပ်စစ်မီးနဲ့လုပ်ကိုင်နေရတဲ့အလုပ်တွေအတွက် အဆင်မပြေမှုနဲ့ မီးစက်မောင်းလို့ ငွေအပိုကုန်ကျမူတွေရှိနေတယ်လို့လည်း သိရပါတယ်။…
Read Moreရန်ကုန်၊အင်းစိန်ထောင်အတွင်း ဒီကနေ့ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှာ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းရဲ့ မိခင်ဖြစ်အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစု ဝင်တွေ သေဆုံး ဒဏ်ရာရခဲ့ကြတယ်လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။ “ကျွန်တော်တို့လည်း သတင်းကြားကြားချင်မယုံနိုင်ဘူးဖြစ်ခဲ့ပေမယ့် သတင်းတွေထွက်လာတော့ မယုံချင်လည်း ယုံရတော့ပါပဲ။ဂျိမ်းအတွက်တော့ စိတ်မကာင်းဘူးပေါ့ဗျာ”လို့ ကိုလင်းထက်နိုင်ရဲ့မိသားစုနဲ့ နီးစပ်တဲ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက DNA ကိုပြောပါတယ်။ ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းဟာ ၂၀၀၇ မျိုးဆက် ဗကသကျောင်းသားဟောင်းတဦးဖြစ်ပြီး ၂၀၁၅ ဒီမိုကရေစီ ပ ညာရေးသပိတ်လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်…
Read Moreရန်ကုန်၊စမ်းချောင်းမြို့နယ်၊ဗားကရာလမ်းနဲ့ဗဟိုလမ်းထောင့်က ယာဥ်ထိန်းရဲကင်းကို ဒီကနေ့အောက်တိုဘာ (၁၀) ရက် ည ၈နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရဲကင်းရုံ အရှေ့ဘက်မှာ ထိခိုက်ပျက်စီးမှုတွေရှိ ခဲ့တယ်လို့ Freelance Attack Force အဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ ဖောက်ခွဲတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်သားတွေကို အဓိကရည်ရွယ်တာဖြစ်ပြီး ကနဦးပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီတပ်သား တွေရောက်ရှိလာလို့ ထပ်မံဖောက်ခွဲခဲ့ပေမယ့် နည်းပညာအခက်အခဲ ကြောင့်ပေါက်ကွဲမှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ “တစ်လုံးကတော့ကွဲတယ်၊နောက်တစ်လုံးက DCကားရောက်လာချိန် ခွဲတာမကွဲဘူး၊ပစ္စည်း error တက်သွား တယ်လို့ယူဆရတာပေါ့။လုပ်ဆောင်ရတာကတော့…
Read Moreရန်ကုန်မြို့မှာ သံအမတ်ဟောင်းဦးအုန်းသွင် ပစ်ခတ်သတ်ဖြတ်ခံရတာ၊ စစ်ကောင်စီကလုံခြုံရေး ယူထားတဲ့ နေ ရာတွေ ဖောက်ခွဲတိုက်ခိုက်ခံရတာ၊ပစ်ခတ်ခံရတာတွေဖြစ်ခဲ့ပြီးနောက် မြို့နယ်အလိုက်ဧည့်စာရင်းစစ်ပြီး ဖမ်း ဆီးမှုတွေဆက်တိုက်ပြုလုပ်နေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။ စမ်ချောင်းမြို့နယ်၊လှိုင်မြို့နယ်၊ကမာရွတ်မြို့နယ်၊မရမ်းကုန်းမြို့နယ်၊အင်းစိန်မြို့နယ်နဲ့တာမွေ၊မင်္ဂလာတောင်ညွန့်မြို့နယ်တွေမှာ စက်တင်ဘာ ၂၈ရက်ညပိုင်းက စစ်ကောင်စီအင်အားအများအပြားနဲ့ ဧည့်စာရင်းစစ်ခဲ့ပြီး လူငယ်တ ချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ညက အင်အားတော်တော်များတယ် လာရှာတာ၊တိုက်ဘေးတွေကိုလည်း ဝိုင်းထားပြီး လက်နှိပ်ဓာတ်မီးနဲ့ထိုးတဲ့ အဖွဲ့၊တိုက်ပေါ်တက်ဧည့်စာရင်းစစ်တဲ့အဖွဲ့နဲ့အများကြီးပဲလာရှာသွားတာ၊တစ်ယောက်တော့အဖမ်းခံလိုက်ရတယ်၊ကားပေါ်တင်သွားတာတွေ့လိုက်ရတယ်”လို့ စမ်းချောင်းမြို့နယ် ပုသိမ်းကြီးလမ်းမှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။ လှိုင်မြို့နယ်အတွင်းမှာလည်း မြို့နယ်လျှပ်စစ်ရုံးပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်မှာ…
Read Moreကမာရွတ်မြို့နယ်၊ဟံသာဝတီစည်ပင်ရဲဝန်းအတွင်းဗုံးပေါက်ကွဲမှုဟာ စစ်ကောင်စီခန့် ရန်ကုန် မြို့တော်ဝန် ဗိုလ်ဌေးနဲ့အဖွဲ့ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Special Task Agency (STA)အဖွဲ့ကထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်တပ်အရာရှိရဲ့ကားနောက်ပိုင်းထိမှန်ပျက်စီးခဲ့ပြီး တခြားထိခိုက်သေဆုံးမှုရှိမရှိကို ဆက် လက်စုံစမ်းနေတယ်လို့လည်း အဲ့ဒီအဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တိုက်ခိုက်မှုလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်က တော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး DNAအနေနဲ့ STAအဖွဲ့ထံကို ဆက်သွယ်မေးမြန်းပေမယ့်ပြန်လည် ဖြေကြားတာ မရှိ သေးပါဘူး။တိုက်ခိုက်မှုဟာ စက်တင်ဘာ (၁၆ရက်)မနေ့က မနက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက် ကွဲမှုကြောင့် လမ်းသွားလမ်းလာ ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့…
Read Moreရန်ကုန်တိုင်းအတွင်းမှာ မြို့လည်ခေါင် လူစည်ကားရာနေရာတွေအပါအဝင် နေရာစုံမှာ ခိုးမှုနဲ့လုယက်မှုတွေ ဆက်တိုက်ဆိုသလို ကျူးလွန်ခံနေရတာကြောင့် စိုးရိမ်စိတ်နဲ့ သတိထားနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ “နေရမှာတောင်ကြောက်လာပြီ၊ မလုံခြုံတော့ဘူး၊ နေ့ဘက်ဆိုရင် အုပ်စုဖွဲ့ပြီးလုတယ်၊ ညဘက်ဆိုပိုဆိုး၊ ရဲသွားတိုင်တော့လဲ အမှုဖွင့်ရုံကလွဲပြီး ကြပ်ကြပ်မှတ်မှတ် ဖမ်းတာဆီးတာမရှိဘူး၊ ကြာလာတော့ တကယ်ကို ကြောက်လာပြီ”လို့ ရွှေပြည်သာမြို့နယ် သံဒင်း (၁၉) ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးကပြောပါတယ်။ လူနေရပ်ကွက်တွေထဲမှာ ခိုးမှု၊လုယက်မှုတွေ များလာသလို မြို့တွင်း လူစည်ကားရာနေရာတွေ၊ ဘတ်စ်ကားတွေပေါ်မှာ လုယက်မှုနဲ့…
Read More