ရန်ကုန်​လေဆိပ်မှာပြေးဆွဲလိုတဲ့ အငှါးယာဉ်တွေ Grab နဲ့ချိတ်ဆက်မှသာ ပြေးဆွဲခွင့်ပေးတော့မယ်လို့ဆို

ရန်ကုန်​လေဆိပ်မှာပြေးဆွဲလိုတဲ့ အငှါးယာဉ်တွေ Grab နဲ့ချိတ်ဆက်မှသာ ပြေးဆွဲခွင့်ပေးတော့မယ်လို့ဆို

ဧပြီ၊ ၃ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းမှာ အငှားယာဥ်တွေအနေနဲ့ပြေးဆွဲမယ်ဆိုရင် Grab ကုမ္ပဏီနဲ့ချိတ်ဆက်ပြီးမှသာ ပြေးဆွဲခွင့်ပြုမှာဖြစ်ပြီး လက်ရှိလေဆိပ်အတွင်းပြေးဆွဲနေတဲ့ အငှားယာဥ်တွေကိုလည်း ဆက်ပြီးပြေးဆွဲမယ်ဆိုပါက Grabကုမ္ပဏီနဲ့ချိတ်ဆက်ဖို့ စစ်ကောင်စီဖက် က ဖိအားပေးနေတယ်လို့ အငှားယာဥ်မောင်းတွေက DNAကိုပြောပါတယ်။ “အဓိကက ဒီမှာ​ဆွဲနေတဲ့ကားတွေ ဒီမှာဆက်ပြီးဆွဲချင်ရင် Grabနဲ့ချိတ်ဖို့ပေါ့။မချိတ်ရင် ပြည်ပထွက်ခွာတို့ ၊ဆိုက်ရောက်တို့ဘက်ကို မတက်ရဘူး။သူတို့​အကြောင်းပြနေတာက လေဆိပ်လုံခြုံရေးနဲ့ ခရီးသည်လုံခြုံရေးအတွက်လုပ်တာလို့ပြောတယ်။ယာဥ်လိုင်းတွေကတော့ ညှိနှိုင်းဖို့ကြိုးစားနေတာပဲ။အခုထိတော့ ဘာမှမထူးခြားသေးဘူး”လို့ လေဆိပ်ဝင်းအတွင်းပြေးဆွဲနေတဲ့ အငှားယာဥ်မောင်းတဦးက ပြောပါတယ်။ စစ်ကောင်စီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းနဲ့ အဝင်လမ်း၊အထွက်လမ်းတွေကနေ အငှားယာဥ်တွေဝင်ရောက်လာတာကို ဒီကနေ့မနက်ပိုင်းက…

Read More