ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့ ဒေသတွေမှာ စစ်ကောင်စီက ကုန်စည်စီးဆင်းမှု ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် စားသောက်ကုန်တွေ ရှားပါးလာသလို စျေးနှုန်းလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ လက်ရှိမှာ ပိတ်ဆို့ခံထားရတာကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို ကုန်စည်အဝင်မရှိသလောက်ဖြစ်နေပြီး အရင်ကတည်းရှိနေတဲ့ လက်ကျန်ကုန်စည်တွေကိုပဲ အားထားနေရတာကြောင့် စျေးနှုန်းတွေလည်း မြင့်တက်လာတာဖြစ်တယ်လို့ မောင်တောမြို့ခံတဦးက ပြောပါတယ်။ “နောက်ပိုင်းဆိုရင် ဒီဘက်မှာက စားဝတ်နေရေး တော်တော်လေးအဆင်မပြေဖြစ်လာကြတော့မယ့် အခြေအနေရှိတယ်၊ မောင်တော မြောက်ဘက်၊ တောင်ဘက်မှာဆိုရင် ပိုဆိုးတာပေါ့၊…
Read More