
မြင်းမူမြို့နယ်၊လက္ကပင်ကျေးရွာမှာ စစ်ကောင်စီကြောင့်သေဆုံးခဲ့သူ သုံးဦးအလောင်းမတွေ့ရသေး
မတ်၊ ၇ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊လက္ကပင်ကျေးရွာကိုမတ်လ၅ရက်၊မနက် ၅နာရီမှာစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ဒေသခံ၂၀၀ကိုဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့စစ်ရှောင်အမျိုးသား၂ဦးနဲ့အမျိုးသမီးတဦးအလောင်းမတွေ့ရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ “ဘယ်လိုပုံစံမျိုးနဲ့သတ်ခံရလည်းဆိုတာကျွန်တော်တို့တိတိကျကျမပြောနိုင်ဘူး။ဒါပေမယ့်သူတို့သတ်ရင်ကောင်းကောင်းမွန်မွန်ဆိုတဲ့ ရုပ်အလောင်းဆိုတာမရှိပါဘူး။သူတို့ကတော့ရစရာမရှိအောင်ကိုအကြမ်းဖက်တယ်။အလောင်း၃လောင်းကိုခုချိန်ထိတိုင်မတွေ့ရသေးဘူး ။ဧရာဝတီမြစ်ကြောင်းဘက်ကိုဆွဲသွားတဲ့အရာတွေ့လို့လိုက်ရှာနေတယ်။ရွာသားတွေအခုမရွာထဲပြန်ဝင်ရှာနေတာ ”လို့ကိုတေဇာကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ လက္ကပင်ရွာကိုအာလက္ကပရွာကနေ မနက် နှစ်နာရီထိုးလောက်ထွက်လာပြီး မနက်လေးနာရီလောက်မှာဝင်စီးကာဒေသခံတွေပုန်းအောင်းနေတဲ့ရွာတောင်ပိုင်းက ဘုန်းကြီးကျောင်းကို မီးရှို့ခဲ့တယ်လို့လည်းပြောပါတယ်။ “စစ်ရှောင်နေတဲ့ဒေသခံ၂၀၀ဦးကိုဓားစာခံပုံစံမျိုးနဲ့ သူတို့သတ်မှတ်ထားတဲ့နေရာမရောက်ခင်ထိအောင်ဖမ်းခေါ်သွားတာပေါ့နော်။သူတို့ပါလာတဲ့ကျည်အိတ်တို့ဘာတို့အဲ့တာတွေကိုထမ်းခိုင်း လမ်းပြဆိုခေါ်သွားတာပဲ”လို့သူကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]