နိုင်ငံရေး

ကလေးမြို့မှာ ပျံကျအသားသည်တွေဆီက အသားတွေကို စစ်သားတွေကသိမ်းယူ

မတ်၊ ၂ ကလေးမြို့လမ်းဆုံအရှေ့ဘက်၊ မြို့မစျေးရှေ့ကမိုးမလင်းစျေး (မီးခွက်စျေး) မှာ ဝက်သား၊အမဲသားရောင်းနေတဲ့အသားသည်တွေဆီက အသားတွေအားလုံးကို စစ်သားတွေက ဒီကနေ့ မတ်လ ၂ ရက်နေ့ မနက်ခြောက်နာရီဝန်းကျင်မှာ လာရောက်သိမ်း ယူသွားခဲ့တယ်လို့ အဲ့ဒီစျေးမှရောင်းချတဲ့စျေးသည်တွေဆီကသိရပါတယ်။ “သူတို့ကတန်းစီပြီးလာတာ၊အရပ်ဝတ်တွေနဲ့၊သေနတ်တွေကိုင်ပြီးမှအယောက်နှစ်ဆယ်လောက်ရှိတယ်၊သူတို့နောက်ကမှ ကားအသေးလေးစီးကလိုက်လာတာ၊ တစျေးလုံးကိုတိတ်ဆိတ်သွားတာ” [ဆက်လက်ဖတ်ရှုရန်]